Part 25

4K 428 27
                                    

Unicode

ရိပေါ်တံခါး Passwordကိုရိုက်နှိက်ပြီး အဝင်ဝမှာ ဖိနပ်ကိုစုံစုချွတ်လိုက်သည်။တစ်ပတ်လုံး စိတ်ပင်ပန်း၊လူပင်ပန်းထားရ၍ ခြေလှမ်းတွေကအစ လေးလံကာခပ်ငိုက်ငိုက်ဖြစ်နေလေသည်။အိမ်ထဲကို ဝေ့ကြည့်လိုက်တော့ ခါတိုင်းထက်ပိုတိတ်ဆိတ်နေကာ မီးတွေအားလုံးလည်း ပိတ်ထားတာမို့ မှောင်မဲနေသည်။အရင်လိုကျောင်းကပြန်လာရင် ဘယ်နေရာမှာရှိရှိ အူယားဖားယားထွက်ကြိုတတ်တဲ့ အကောင်ပေါက်က အခုတော့အရိပ်ယောင်ကလေးပင် မတွေ့ရ။

"ကျန့်ရေ .. ကိုပြန်လာပြီ"

ဆိုဖာပေါ်ကို ချွတ်လိုက်တဲ့ဂျာကင်အား ပစ်တင်ပြီး အောက်ကအင်္ကျီတီရှပ်ကို အနည်းငယ်လက်ခေါက်တင်လိုက်သည်။အစက ဆိုဖာပေါ်လဲချမလိုလုပ်ပြီးမှ အခုထက်ထိ ပြန်ထူးသံမထွက်လာသည့် ရှောင်းကျန့်ကြောင့် လည်တဆန့်ဆန့်နဲ့ နောက်တစ်ခေါက် ထပ်အော်ခေါ်လိုက်သည်။

"ကျန့်!!!!ကျန့်ကျန့်ရေ ကိုပြန်လာပြီလို့!!စိတ်များကောက်နေတာလား ဒါမှမဟုတ် အိမ်များခဏပြန်သွားတာလား?"

ရိပေါ်တွေးရင်းနှင့်တဆက်တည်း အိပ်ခန်းထဲဝင်လာခဲ့လိုက်သည်။အိပ်ခန်းထဲဝင်လာမှ ရေသံကြားရ၍ ရေချိုးခန်းထဲမှာ ရှိမှန်းသိလိုက်ရသည်။ထို့ကြောင့်ရေချိုးခန်းတံခါးကို ခေါက်ကာ ခေါ်လိုက်သည်။

ဒေါက် .. ဒေါက် .. ဒေါက် !!

"ကျန့် .. ကိုပြန်လာပြီ ။ကျန့်  .. ကျန့်ရေ!!!ကျန့် ကိုပြန်လာပြီလို့!!တံခါးဖွင့်ပါဦး!!ကိုပြောတာကြားလား .. ကျန့်!!!"

ဘယ်လောက်တံခါးကို အဆက်မပြတ်ခေါက်ခေါက် အသံတစ်စတောင် ထွက်မလာသည်မှာ သေချာပေါက်မူမမှန်တော့။နဂိုကထဲကမှ စိတ်နဲ့ကိုယ်နဲ့မကပ်စွာ အပူလုံးဆို့နေသည့် ရိပေါ်အတွက် ရေသံသာကြားရပြီး တုံ့ပြန်သံထွက်မလာသည့် ရှောင်းကျန့်ကြောင့် စိုးရိမ်မှုတွေ အထွတ်အထိပ်ရောက်သွားရသည်။

နောက်ဆုံးအသံကုန်အော်ပြီး ခေါ်တာတောင်မရတဲ့အဆုံး ရေချိုးခန်းတံခါးကိုပုခုံးနှင့် 'ဝုန်း´ခနဲတိုက်ဖွင့်လိုက်တော့သည်။မီးမဖွင့်ထားသည့် ရေချိုးခန်းမှာ အပြင်ကထက်ပင် အနည်းငယ်ပိုမှောင်နေသည်။ပြီးတော့ ...

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now