Part 8

5.4K 584 6
                                    

Unicode

"စီနိယာ ရပြီချပေးတော့လေ"

အတန်းရှေ့ရောက်ခါနီးပီမို့လို့ ရှောင်းကျန့် ရိပေါ်ကိုယ်ပေါ်က အမြန်ဆင်းချင်လှပြီ။အတန်းထဲမှာ ကောင်စီဥက္ကဋ္ဌကို ကြိုက်နေတဲ့ မိန်းကလေးများက တစ်ခန်းလုံးနီးပါးပင်။မနေ့ထဲက ဝမ်ရိပေါ်က ရှောင်းကျန့်နောက်ကို တကောက်ကောက်လိုက်နေ၍ သူမတို့က အမြင်မကြည်နေသည်ကို ဒီနေ့ ဒီလိုပုံစံနဲ့သာမြင်သွားကြည့် ရိုတ်သတ်ခံရမှာအသေအချာပင်။

ပြောမနိုင်ဆိုမရသည့် ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို စာသင်ခုံရောက်သည်ထိ ကလေးလေးလိုပွေ့သွားတော့သည်။

"ဟဲ့ ဖိန်း...အဲ့..အဲ့ဒါစီနိယာရိပေါ်မဟုတ်လား"

ထင်ထားသည့်အတိုင်းပင် အတန်းထဲဝင်ဝင်ချင်းထဲက အော်ကြောလန်မလေးတစ်ယောက်က အတန်းခေါင်းဆောင်ကို အော်ပြောလိုက်တာကြောင့် အားလုံးရဲ့ အကြည့်က ရှောင်းကျန့်ဆီသို့ စုပြုံရောက်ရှိလာသည်။ပေကလပ် ပေကလပ်နဲ့ မယုံနိုင်သလိုလေးကြည့်နေကြသည့်အထဲမှာ ချစ်သူငယ်ချင်းကြီးကျိုးချန်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

ရိပေါ်က ကျိုးချန်ရှေ့ရှိ ရှောင်းကျန့် ထိုင်ခုံပေါ်သို့ ရှောင်းကျန့်ကို ချပေးလိုက်ပြီး သူ့လည်ပင်းက မာဖလာကိုပါ ချွတ်လိုက်ကာ ပတ်ပေးနေသည်။

"အေးတယ် နွေးနွေးထွေးထွေးလည်းဖြစ်အောင် ကို့မာဖလာလေးပတ်ထား.... နေ့လည်ကျရင် ကန်တင်းသွားဖို့ လာခေါ်လှည့်မယ်.....အခုတော့သွားပြီနော်"

နဖူးကိုတစ်ချက်တောက်ကာ ပြောချင်ရာပြောပြီး ဝမ်ရိပေါ်ကထထွက်သွားသည်။ရှောင်းကျန့်မှာသာ အတန်းသားတွေရဲ့အကြည့်ကို ရင်ဆိုင်နိုင်ဖို့ စာလုပ်ချင်ဟန်ဆောင်ရတော့သည်။

"ရှောင်းကျန့်!!!!!!!!"

" အမ်......အမ်"

စာလုပ်တုန်းတက်ထားသည့် မျက်မှန်လေးကို ပင့်တင်ကာ အတန်းခေါင်းဆောင်နဲ့ဇတ်ဇတ်ကြဲတစ်သိုက်ကို မော့ကြည့်လိုက်သည်။သူတို့ပုံစံက ချက်ချင်းပင် လူထသတ်တော့မလိုတွေဖြစ်နေတာကြောင့် ရှောင်းကျန့်အေးဆေးလည်းသာ ပြန်ထူးလိုက်သည်။နောက်ကကျိုးချန်ကတော့ သူငယ်ချင်းကိုထိတာနဲ့ တစ်ခုခုပြန်လုပ်ပစ်ဖို့ အသင့်အနေအထားမှာရှိနေသည်။

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now