Part 1

25.1K 1.1K 50
                                    

Unicode

"လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာတုန်းက
ကမ္ဘာပေါ်မှာနတ်ဘုရားတွေနဲ့ ဒဏ္ဍာရီလာသတ္တဝါတွေ နေထိုင်ခဲ့ကြတယ်.....
ကောင်းကင်တစ်ခွင်မှာ အင်အားအကြီးဆုံးက ကြယ်နတ်ဘုရားတွေဖြစ်ခဲ့ပြီး
မြေပြင်မှာတော့ မြေခွေးလူသားတွေက ကြီးစိုးခဲ့ကြတယ်......
သူတို့မျိုးနွယ်စုနှစ်ခုက ရန်ဖက်တွေ....တစ်ဖက်နဲ့တစ်ဖက်လုံးဝမတည့်ကြဘူး......
တစ်နေ့တော့ ကြယ်နတ်ဘုရားမျိုးနွယ်တွေရဲ့ အထွတ်အမြတ်ထားရာ ကြယ်တာရာနတ်ဘုရားမက မြေပြင်ပေါ်ကို ခရီးဆန့်ရင်း
စွမ်းအားအကြီးဆုံးမြေခွေးဘုရင်အသစ်နဲ့ မေတ္တာမျှခဲ့ကြတယ်တဲ့......."

"ချစ်သူတွေဖြစ်သွားတာလားဟင် ပါးပါး"

"ဟုတ်တယ်....
သူတို့ကအရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးလက်ထပ်ခဲ့ကြတယ်.....
ဒါပေမယ့်ကြယ်တာရာနတ်ဘုရားမသားတော်လေးလွယ်ထားရတဲ့အချိန်မှာပဲ.....
ကြယ်နတ်ဘုရားမျိုးနွယ်တွေကဟာ
အသန့်စင်ဆုံးနှလုံးသားပိုင်ရှင်ဖြစ်တဲ့....သူတို့ရဲ့ကြယ်တာရာနတ်ဘုရားမကို
မြေခွေးလူသားလက်ထဲ ထည့်မပေးနိုင်ဘူးဆိုပြီး.....စစ်ပွဲစတင်ခဲ့တယ်........"

"ဓားတွေနဲ့ခုတ်မှာလားပါးပါး"

"ဆိုပါတော့သားရယ်.....မြေခွေးဘုရင်ကလည်း
သူ့ရဲ့သွေးသားကိုလွယ်ထားရတဲ့
ချစ်ရသူနတ်ဘုရားမကို
ဘယ်လိုနည်းနဲ့မှ လက်လွှတ်မပေးနိုင်တာကြောင့် စစ်ဖြစ်ကြတော့တယ်
မြေခွေးလူသားမျိုးနွယ်နဲ့ ကြယ်နတ်ဘုရားတွေရဲ့စစ်ပွဲဟာ လောကတစ်ခွင်မှာကြောက်စရာအကောင်းဆုံးဖြစ်ရပ်ကြီးတစ်ခုပဲ......
နှစ်ဖက်လုံးအထိနာနေတဲ့အချိန်မှာပဲ
ကြယ်နတ်ဘုရားတွေဟာ......အကြီးမားဆုံးလျှို့ချက်ကြီးကိုရှာဖွေတွေ့ရှိခဲ့တယ်"

"ဟင်.....!!ဘာလျှို့ဝှက်ချက်လဲ ပါးပါး"

မျက်လုံးဝိုင်းဝိုင်းတွေက ပိုမိုဝိုင်းစက်လာကာ ပါးစပ်ပိစိလေးမှာ ဝလုံးပုံသဏ္ဍာန်ဆောင်၍ လက်ဖောင်းဖောင်းလေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပုံက ဒီဇာတ်လမ်းအပေါ် ဘယ်လောက်ဈာန်ဝင်နေပြီလဲဆိုတာ သိနိုင်သည်။

" အိပ်တော့သားရေ ညနက်နေပြီ။ မနက်ရောက်ရင် ကျောင်းသွားရဦးမယ်မလား "

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now