Part 29

4.5K 438 46
                                    

Unicode

တိုက်ပွဲကြီးပြီးဆုံးပြီးနောက်မှာ ရှင်ကျန်ရစ်ခဲ့သည့် ကြယ်နတ်ဘုရားအနည်းငယ်ဟာ မြေခွေးမျိုးနွယ်ရဲ့လက်အောက်ခံသုံ့ပန်းတွေအဖြစ် ရောက်ရှိလာတယ်။မြေခွေးမျိုးနွယ်ခေါင်းဆောင်ဖြစ်သည့်ဟိုက်ခွမ်းမှ ထိုကြယ်နတ်ဘုရားများအား မိုးမခသားတော်ဝမ်ဟောက်ရွှမ်းဆီသို့ ပို့စေကာ နှစ်သက်သလိုစီရင်ခွင့်ပြုတယ်။

ထိုအပြုအမူဟာ သက်ညှာရာရောက်လွန်းသော်လည်း ခေါင်းဆောင်၏ဆုံးဖြတ်ချက်ဖြစ်သည့်အပြင် ကိုးကွယ်ရာအကြီးအကဲ​ရှောင်းလီလီမှလည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိသဖြင့် မျိုးနွယ်ဝင်များမှာ ကန့်ကွက်စကားမဆိုဝံ့ကြ။ကြယ်နတ်ဘုရားများကတော့ မြေခွေးခေါင်းဆောင်၏ မွန်မြတ်လှသည့်စိတ်ထားကြောင့် မြေခွေးမျိုးနွယ်အပေါ်ရိုကျိုးလာကြသည်။

ရက်တွေကြာတာနဲ့အမျှ ​စစ်ပွဲရလဒ်တွေကို ဒဏ္ဍာရီလာသတ္တဝါတိုင်းသိလာပြီး အောင်နိုင်သူမြေခွေးမျိုးနွယ်ဟာ ဂုဏ်သရေရှိကာ မြင့်မြတ်လှသည့် အတန်းအစားအဖြစ်ရောက်ရှိလာခဲ့သည်။

တစ်ခုပဲ!!
လူတိုင်းမှာ စိုးရိမ်ပူပန်မှုတစ်ခုတော့ ရှိနေတယ်။

အဲ့ဒါကတော့သူတို့လေးစားအားကျရတဲ့ စစ်သည်တော်မြေခွေးမင်းသားရှောင်းကျန့်ဟာ စစ်ပွဲပြီးကတည်းက သတိမေ့နေတာ တစ်ပတ်ကျော်ကျော်ကြာသည်အထိ သတိမရသေးတာကြောင့်ပင်။

တဆင့်စကားတွေကြောင့် သေဆုံးသွားသည့် ကြယ်နတ်ဘုရားဟာ မြေခွေးမင်းသားရဲ့ချစ်သူခင်ပွန်းမှန်း အတော်များများသိနေကြသည်။သူတို့အကြောင်းကိုကြားရတဲ့အခါမှာ အများစုကသနားစရာဇာတ်လမ်းလေးတစ်ပုဒ်ကို ဖတ်ရသလိုပဲဆိုပြီး ငိုကြွေးကြတယ်။တချို့ဆို အဝါရောင်ထပ်တရာပန်းတွေကိုယ်စီနှင့် ကြယ်နတ်ဘုရားဝမ်ရိပေါ်ရဲ့ အုတ်ဂူဆီသွားကာ မြေခွေးမင်းသားနဲ့ကလေးလေးတွေအတွက် ဆုတောင်းစကားတွေတောင် ပြောပေးလေတယ်။

ကြယ်တာရာနတ်ဘုရားမရဲ့ကျိန်စာကတော့ ပျက်ပြယ်သွားပုံပင်။စစ်သူကြီးလုန်ရီစုသေပြီးနောက်မှာ နောက်ထပ်ဘယ်ကြယ်နတ်ဘုရားမှ ချစ်ရသူသေတဲ့အခါ နှလုံးကွဲပြီးလိုက်မသေရတော့။ကလေးတွေရဲ့အိပ်ရာဝင်ပုံပြင်တွေမှာ ကြောက်စရာမကောင်းဆိုးဝါးကြီးအဖြစ် နေရာယူထားသည့် လုန်ရီစုကို ဘာကြောင့်ရယ်မသိ မြေခွေးအကြီးအကဲရှောင်းလီလီက သေဆုံးသွားတဲ့မိုးမခသားတော်ဝမ်လုနှင့်အတူ မြေမြှုပ်ပေးသည်။အကြောင်းပြချက်ကိုမေးရင် သူမကနားမလည်နိုင်တဲ့စကားတစ်ခွန်းကိုဆိုတယ်။

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now