Part 9

4.9K 584 14
                                    

Unicode

Hanfu အနက်ရောင်ကို ခါးစည်းကြိုးစည်းလိုက်ကာ Medieval long cloakအနက်ရောင်ကို ပါ အပေါ်ကထပ်ပြီး ကျကျနန ဝတ်ဆင်လိုက်သည်။မွေးနေ့ပါတီဆိုပြီး သာမန်လူသားတွေလို ပြောင်ပြောင်ရောင်ရောင်suitတွေ၊ လှလှပပdressတွေ  ဝတ်ပြီးပါတီပွဲ ဆင်နွှဲကြမယ်လို့ ထင်ရင်မှားသွားမှာပေါ့။တစ်ကိုယ်လုံး လုံတဲ့ခြုံလွှာအရှည်ကြီးတွေဝတ်ပြီး မျက်နှာတွေကိုလည်း အလုံအုပ်ကာ ပွဲတက်ရခြင်းဖြစ်သည်။

"ရှောင်းကျန့် ပွဲစတော့မယ်သွားကြစို့"

Hanfuခရမ်းရောင်နဲ့ ကျိုးချန်ကလည်း အပေါ်က ခရမ်းရင့်ရောင် long cloakတစ်ထည်ကိုခြုံထားလေသည်။ရှောင်းကျန့်ခေါင်းစောင်းကို ခပ်ငိုက်ငိုက်စောင်းလိုက်ကာ စားပွဲပေါ်က နေကြာပန်းပွင့်ကိုလှမ်းယူလိုက်ပြီး ကျိုးချန်နောက်က လိုက်လာခဲ့တော့သည်။လှေကားဆင်းဆင်းချင်းမှာ ရှောင်းကျန့်တို့လိုကိုမှ မီးခိုးရောင်ဝတ်စုံနဲ့လေးငယ်က ဝါးကွတ်ထားသည့် မီးပုံးလေးများနှင့် အသင့်စောင့်နေသည်။ရှောင်းကျန့်နဲ့ကျိုးချန် ဘေးနားရောက်လာတာနဲ့ မီးပုံးတစ်လုံးစီကို လွှဲပေးလေသည်။

ခြံထဲမှာ သိပ်မလှမ်းတဲ့ ရှစ်ယောက်တစ်ဝိုင်း စားပွဲဝိုင်းလေးတွေချထားပြီး ထိပ်မှာတော့ ခိုင်ခံ့သည့် စင်မြင့်တစ်ခုထိုးပေးထားသည်။ဧည့်သည်တွေက အကုန်စုံသလောက် ရောက်နှင့်နေပြီ။မြေခွေးလူသားမျိုးနွယ်တိုင်း တက်ရောက်ကြတာဖြစ်ပြီး အနည်းအကျဥ်းကတော့ တချို့ဒဏ္ဍာရီလာသတ္တဝါမျိုးနွယ်တွေပင်ဖြစ်သည်။

အကုန်လုံးက ခြုံလွှာတွေ ဝတ်ဆင်ထားပြီး နေကြာပန်းတစ်ပွင့်နဲ့ မီးပုံးလေးကိုယ်စီကို သယ်ဆောင်လာကြသည်။ဒါကရှောင်းကျန့်တို့ ရိုးရာပင်။ခေါင်းဆောင်ဖြစ်လာမည့်သူကို မီးပုံးလေးတွေ ပူဇော်ကြပြီး နေကြာပန်းကတော့ ခေါင်းဆောင်ကိုပေးကာ၊ခေါင်းဆောင်မှ ရလာသမျှ ပန်းအားလုံးကို မျိုးနွယ်စုရဲ့မိခင်(တစ်နည်းအားဖြင့်)သူ၏ကြင်ဖက်ကို မိမိရဲ့ကိုယ်ပိုင်ပန်းအား ချစ်သက်လက်ဆောင်အဖြစ်ပြန်ပေးရသည်။

"ဦးက ဘယ်သူ့ကို နေကြာပန်းတွေပေးမယ်ထင်လဲ ရှောင်းကျန့်"

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now