Part 28

4.4K 465 42
                                    

Unicode

အခြေအနေက တော်တော့်ကို ကသောင်းကနင်းနိုင်လှသည်။

သေဆုံးသွားပြီဖြစ်သည့် ကြယ်နတ်ဘုရားဝမ်ရိပေါ်ကို လွတ်ထွက်မှာစိုးသည့်အလား ဖက်တွယ်ထားသည့် မြေခွေးမင်းသားကြောင့် အလောင်းကိုဘယ်လိုမှယူမရ။

လုန်ရီစုကတော့ စိတ်ထဲတွင် ပေါက်ကွဲမှုအကြီးစားဖြစ်နေသည်။အခုဝမ်ရိပေါ်ကသေသွားပေမယ့် ရှောင်းကျန့်ကတော့ ရှင်ကျန်ရစ်ဆဲ။သို့သော် လတ်တလော ရှောင်းကျန့်ဟာ အရူးတစ်ယောက်လို တအိအိငိုနေကာ ပြင်ပကမ္ဘာတစ်ခုမှာ ရှိနေသကဲ့သို့ ဘယ်သူ့စကားမှနားမဝင်နိုင်အောင် စိတ်လွတ်နေသည်။ဒါအခွင့်ကောင်းပဲ။

ဒုတိယအထပ်မှာ သူ့အမိန့်ကိုအသင့်စောင့်နေသည့် လက်အောက်ခံနတ်ဘုရားအချို့အား အချက်ပြလိုက်ကာ ရှောင်းကျန့်နားသို့ ချဥ်းကပ်စေလိုက်သည်။ထိုနည်းတူ တဖက်ရှိရှောင်းလီလီမှာလည်း မြေခွေးမျိုးနွယ်ဝင်တွေကို တဖွဲ့ချင်းစီပွဲထဲကနေမသိမသာ ထွက်ခွာခိုင်းနေသည်။

ခုန်လှုပ်မှုမရှိတော့သည့် နှလုံးတစ်ခုလုံးက အမဲရောင်အဖြစ်ကူးပြောင်းပြီး တုတ်တုတ်မလှုပ်တော့သည့်ရိပေါ်ကို ရှောင်းကျန့်မမောနိုင်မပန်းနိုင် စကားတွေဆိုနေတုန်းပဲ။

တလှမ်းချင်းအနားကို ရောက်လာသည့် ကြယ်နတ်ဘုရားတွေဟာ ပွဲစကတည်းက ရိပေါ်ချထားသည့် အမြှုတေထုတ်ခက်ရင်းခွကို ကောက်ကိုင်ကာ ပိုတိုးလာတော့သည်။

ငိုသံနဲ့လုံးထွေးနေတဲ့ ရှောင်းကျန့်စကားသံတွေဟာ ရပ်တန့်သွားပြီး ကမ္ဘာအပြင်ရောက်နေသည့် စိတ်အာရုံတွေဟာ စူးအောင့်သွားသည့် ကျောရိုးနေရာကြောင့် ပြန်စုစည်းသွားသသည်။နာကျင်မှုကို အံကြိတ်ခံရင်း အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲက အမြှုတေကို ဆွဲထုတ်ရန်ကြိုးပမ်းနေသည့် နတ်ဘုရားတစ်စု။

"ဟား !!!
အခုယောကျ်ားသေလို့ ပူဆွေးနေတဲ့ငါ့ကို သတ်ဖို့ကြိုးစားနေတာလား။
တော်တော်ကို အတင့်ရဲကြတာပဲ....
ဘာလဲငါ့ကိုသတ်ပြီး ကို့ကိုလုယူကြမလို့လား!
ဟင့်အင်း!!မရဘူးနော် .. ဘယ်သူမှငါ့ဆီက ငါ့ယောကျ်ားကို မယူရဘူး!!ငါဆီကနေ ကို့ကိုခွဲထုတ်ဖို့ မကြိုးစားနဲ့ သတ်ပစ်လိုက်မယ်
အကုန်လုံးကိုသတ်ပစ်မယ်!
အားးးးးး ......!!"

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now