Unicode(စ/ဆုံး)

361 22 3
                                    

အပိုင်း၁...

၂၀၁၈ ဖေဖဝါရီ၂ရက်.........
ဆောင်နှင်းလေ၏ ပါးလွှလွှတိုက်ခိုက်နေမှုကြောင့် အအေးဓာတ်သည် ထိုနေ့၌ပိုကဲနေသော်ငြား ... မကြာခင်မှ ဆောက်လုပ်ပြီးစီးသွားသည့် အုတ်ဂူငယ်လေး၏ ဘေးတွင် ပတ်ခွေစွာရှိသော လူတစ်စု ရင်တွင်တော့ အပူငွေ့များ အလျှံငြီးငြီး....။ အင်္ဂတေကိုင်ထားသော ထုံးသဲရေနှောသည့်မဆိုမခြောက် အုတ်ဂူအဖြူလေးသည် ထိုလူဝိုင်းတို့အလယ် အေးချမ်းစွာအနားယူနေသည်လား? မကျေနပ်မှု ၊ခံပြင်းတို့်နှင့် အညှိုးကြီးစွာ ဒေါသမာန်ကို အံတုနေရသည်လား? ထိုအုတ်ဂူလေးနားရှိ တစ်ေ
စုံတစ်ယောက်သာ သိပါလိမ့်မည် ...။

"အမေ... ပြန်ရအောင်လေ ...အိမ်မှာလည်း ဆွမ်းသွပ်ဖို့ပြင်ဆင်ရဦးမယ် ...."

နိမ့်သံမြင့်သံတို့မရှိဟုခံစားရသည့် အသံပြတ်ပြတ်တစ်ခုနှင့်နှိုင်းမန်သည် နှာရည်ရှုတ်ငင်နေသော မိခင်ဖြစ်သူကိုသတိပေးလိုက်သည် ...။ ထိုမှမိခင်ဖြစ်သူဒေါ်တင်ဆွေသည် သူ့ဘေးတွင်ခုချိန်ထိရှိနေပေးသော နှိုင်းမန်ကိုယ်အား ,အားတင်းဖတ်တွယ် အသံစုံထွတ်၍ငိုကြွေးတော့၏... ။

"ကိုနှိုင်း ... မင်း...ညီလေး အခု..မရှိတော့ဘူး...အီးဟီး... အမေတို့သူ့ကိုတစ်ယောက်ထဲထားခဲ့ရတော့မယ် !လုပ်ကြပါဦး...ကျွန်မသားငယ်လေးကို ပြန်ခေါ်လို့်ရရင်ပြန်ခေါ်ပေးကြပါ .... .... အီးဟီး...ငါ...ဘာပြန်ပေးရပေးရ ပေးပါ့မယ်ဟယ် အီး...ပြောကြပါ...ဟောဒီက ဘာမှမလုပ်နိုင်တဲ့ အိုကြီးအိုမကိုကျ မခေါ်ဘဲ ... ဘာလို့ခုမှ အသက်၂၀တောင်မပြည့်သေးတဲ့ ငါ့သားအဖိုးတန်လေးကိုမှ ခေါ်သွားတာတုန်း!! မိစ္ဆာ! မကောင်းဆိုးဝါးမိစ္ဆာရဲ့... ခေါ်မယ်ဆို ငါ့ပါလာခေါ်!!!"

"အမေ့!..."
့ ရင်ဘတ်ကိုတဗြန်းဗြန်းရိုက်ပုတ်ရင်း ယုတ္တနတ္တတွေဖြင့်ဆဲရေးနေသော မိခင်ကို စိတ်မကောင်းစွာလေသံမာနှင့် နှိုင်းမန်ဟန့်တားလိုက်ရသည်။
အသုဘရှုလိုက်ပါပို့ဆောင်များလည်း ဒေါ်တင်ဆွေ၏ ယခုပုံပန်းသွင်ပြင်ကို ကြည့်ကာ ထိုအမျိုးသမီးကြီးသည် တချိန်က ၁၀၈သွယ်ပုတီးကုံးကိုလက်ကမချ ဖြစ်ပျက်မှန်သည့် အနိစ္စသဘောကို ရှု့မှတ်နေဖူးသည့် အမျိုးသမီးကြီးမှန်း မည်သူထင်အံ့နည်းဟူသည့် မှတ်ချက်အဖုံဖုံကိုပေးကာ ခေါင်းတခါခါ ကျစ်တစုတ်စုတ် ....။

ဖေ​ဖော်​၀ါရီ...သို့တမ်းချင်း[completed]Where stories live. Discover now