တမ်းချင်း-၂

830 53 0
                                    

အပိုင်း၂...

၂၀၁၈..​ဖေဖ၀ါရီလ၅ရက်​...

"အ​မေ..သွားနားလိုက်​​တော့ ... ကျွန်​​တော်​ဘဲ သိမ်းစရာရှိတာသိမ်းလိုက်​​တော့မယ်​ "

ရက်​လည်​ဆွမ်းကပ်​ပြီး ကျန်​ခဲ့သည့်​ဘာယီယများကို ​​ပန်းနာအခံရှိ​သော မိခင်​​ကို​ပေးမလုပ်​ချင်​...။ ရွာမှ​ဆွေမျိုးနီးစပ်​များလည်းပြန်​သွားကြပြီမို့ ​ဆေး​ရေး​ကြော​ရေးသန့်​ရှင်း​ရေခန်းက ထင်​သ​လောက်​ ခရီးမ​ပေါက်​ ...။

"​မေ့ကို သားငယ်​အခန်း​သော့​လေး​ပေးဦး..."

"ဒကာမကြီး...သိပ်​လည်းမစွဲမထားပါနဲ့ကွယ်​ သွား​လေသူလည်း စိတ်​​ဖြောင့်​​ဖြောင့်​သံသရာခရီးနှင်​ပါ​စေလား...ကဲကဲ ဒီလိုဆိုမဖြစ်ေ​ချဘူး...
မယ်​တင်​ ... "

"ဘုရား?.."

"ည​နေ ဦးဇင်း​ကျောင်းသာတစ်​ခါတည်းလိုက်​ခဲ့..."

"တင်​ပါ့..."

ထိုသို့မိခင်​ထံမှ နာခံ​ကြောင်းတုန့်​ပြန်​​လျှောက်​သံကြားမှ နှိုင်းမန်​စိတ်​သက်​သာရာတစ်​ခုရသွားသည်​ ... ။ မနာခံချင်​လို့လည်းမဖြစ်​ ...ဘဘုန်းဦးဝံသဗာလသည်​ မိခင်​ဖြစ်​သူ ငယ်​ငယ်​တည်းက ဖိန့်​ဖိန့်​တုန်​​ကြောက်​ရ​သော ဦး​လေးအရင်း​ပေမို့... တင်​ပါ့ဘုရားမျှလွဲ ဘာတုန့်​ပြန်​နိုင်​မည်​နည်း ....။

'​တောင်​!.."

အပ်​ကျသံပင်​မကြား​အောင်​ တိတ်​ဆိတ်​​နေ​သော ပျဉ်​​ထောင်​အိမ်​ငယ်​​လေးထဲ ... ဖုန်းတစ်​လုံးမှ စာတိုဝင်​အချက်​​ပေးသံငယ်​​လေးကပင်​ နားစည်းကို ရိုက်​ဟည်းသွားသလို နှိုင်းမန်​ကိုယ်​​လေးတစ်​ချက်​တွန့်​သွားသည်​...။
ပြီး​နောက်​ လင်းလက်​ကျန်​​နေဆဲဖြစ်​​သော ဖုန်းမျက်​နှာပြင်​​ကိုတစ်​ချက်​ကြည့်​ရင်း မျက်​ရည်​တစ်​​ပေါက်​ပါးပြင်​​ပေါ်သို့လှိမ်းဆင်းလာသည်​ .... ။
"မင်းအသက်​တွက်​ငါမင်းကို​တောင်းပန်​ပါတယ်​ရှိုင်း...ဒါ​ပေမယ့်​ ငါ့ကိုမင်းခွင့်​မလွှတ်​ပါနဲ့... ပြီး​တော့ငါ့ကိုလည်းအပြစ်​မတင်​ပါနဲ့ ... တင်​ချင်းတင်​ မင်းတို့နှစ်​​ယောက်​ရဲ့ယုတ္တိမတန်​တဲ့အ​ပေါစားအချစ်​​တွေကိုဘဲ အပြစ်​တင်​...ကြားလား ​ဟေ့​ကောင်​...ကြားလား..!!! အလကား အ​ခြောက်​​ကောင်​​တွေ ...မင်းတို့ကို အဲ့တာဒဏ်​ခတ်​တာကွ ...ဒဏ်​ခတ်​တာ... "

ဖေ​ဖော်​၀ါရီ...သို့တမ်းချင်း[completed]Where stories live. Discover now