တမ်းချင်း-၅

337 44 0
                                    

အပိုင်း၅...

၂၀၁၈..​ဖေ​ဖော်​၀ါရီ၁၄ရက်​.....

'အစ်​ကို ~~'
နားရွက်​ဖျားရှိ ​မွှေးညှင်း​လေးများ ​လှုပ်​ခတ်​သွားသလိုခံစားမှု​ကြောင့်​ စာ​ရေးစားပွဲ၌ထိုင်​နေရာမှ ရဲရင်​​ဘေးသို့ဖျက်​ခနဲလှည့်​ကြည့်​မိသည်​ ...။ခေါ်သံတစ်​ခုလို စိတ်​ထဲထင်​မှတ်​ရ​ပေမယ့်​ အပြင်​လက်​​တွေ့မှာ တကယ်​မကြားရတာ ရဲရင့်​ သူကိုယ်​တိုင်​သိသည်​ ... ။

'အစ်​ကို ကျွန်​​တော်​ဒီမှာရှိတယ်​'

သူ့နားစည်၌ ​အသံတို့လုံးဝနတ္ထိကင်းစင်​​နေမယ့်​ လှည့်​ကြည့်​မိပြန်​သည်​ ... ။

'​ကျေးဇူး အစ်​ကို ,ကျွန်​​တော့်​အပြုံးနဲ့မျက်​ရည်​​တွေကိုမမြင်​နိုင်​​ပေမယ့်​ ကျွန်​​တော်​ရှိရာ မှန်​ကန်​စွာလှည့်​ကြည့်​​ပေးလို့...'

"အရမ်းချစ်​တယ်​ ငယ်​"
ကောင်းကင်​ပြာ​ရောင်​အနားကွတ်​ ဓာတ်​ပုံ​မှန်​​ဘောင်​​သေး​လေးထဲရှိ ​ကောင်​​လေးနှစ်​​ယောက်​ပုံကို ကြည့်​ကာ ဆိုလိုက်​​သော သူ့စကား​ကြောင့်​ ​ရေကြည်​ရိပ်​ကဲသို့ပါးလွှလွှနာမ်​ကိုသာ ပိုင်​ဆိုင်​ထား​သော ၀ိညာဉ်​ဖြူ​လေး၏သန္တန်​၌ မပိပြင်​​သောမဲ့ပြုံးတစ်​ခု ပုံ​ပေါ်​လာ​စေသည်​...။

ကျွန်​​တော့်​အစ်​ကိုက အရူး​လေးဘဲ....။ ကျွန်​​တော်​မဟုတ်​တဲ့သူတစ်​​ယောက်​ကို​တောင် ​ကျွန်​​တော်​အမှတ်​နဲ့ချစ်​​နေနိုင်​တယ်​ ... ။ ဒါက ကျွန်​​တော့်​ကိုနာကျင်​​စေ​ပေမယ့်​ ကျွန်​​တော်​​ကျေနပ်​ပါတယ်​အစ်​ကို ...။

'ကဲ အစ်​ကို စာဆက်​လုပ်​​တော့ ခန​နေ ကျွန်​​တော့်​ကိုကိုငဂျစ်​​ကောင်​ ရစ်​တာခံပြီး တစ်​ညလုံးစာလုပ်​ဖြစ်​​တော့မှာမဟုတ်​ဘူး '

သက်​ဆိုင်​သူမကြားနိုင်​မှန်းသိ​ပေမယ့်​ ပါးလွှလွှဝိညာဉ်​ဖြူ​လေးတစ်​​ကောင်​သည်​ စိုးရိမ်​စွာ မည်​တမ်း​နေ၏ ...။

"ငယ်​...''

အေးစိမ့်​​သော​လေထုတစ်​ခု သူ့နံ​ဘေးတဒင်္ဂရစ်​သိုင်းသလို ခံစားမှု​ကြောင့်​ သူ့နှုတ်​မှ ​ယောင်​နစွာ တလိုက်​မိသည့်​က ...ငယ်​တဲ့ ... ။

ဖေ​ဖော်​၀ါရီ...သို့တမ်းချင်း[completed]Where stories live. Discover now