တမ်းချင်း-၎

381 46 0
                                    

အပိုင်း၎....

၂၀၁၈...​ဖေ​ဖော်​၀ါရီ၁၂ရက်​...

"ငယ်​ sim card​တော့ မ​လဲနဲ့​နော်​ ဒီနံပတ်​​လေးတူတူကျဖို့ကိုယ်​ဘယ်​​လောက်​ကြိုးစားထားရတယ်​မှတ်​လဲ..."

"ဘာတူတာလဲ ...​နောက်​ဆုံးတစ်​လုံးလွဲတာ​နေကို"

"ဟားဟား...ငယ်​ က​တော့ စကား​ကောက်​ပြီကွာ ... "

"​ရော့...အစ်​ကို ​သေချာချာ​သိမ်းထား... တန်​ဖိုးကြီးတယ်​..."
လက်​ထဲတွင်​ ကိုင်​ရတာအထာမကျ​သေး​သောiphone7ကို ​ရှောက်​ကလိ​နေရင်း လက်​တစ်​ဖက်​မှအနားတို့စုတ်​​နေပြီဖြစ်​​သော ​ဗားရှင်းနိမ့်​စမတ်​ဖုန်း​လေးကို သူ့ထံ​လျောပစ်​​ပေးလိုက်​​တော့ ရဲရင့်​မရယ်​ဘဲမ​နေနိုင်​​တော့ ...။သူတို့​ရောက်​ရှိ​နေ​သောစား​သောက်​ဆိုင်​​လေးထဲတွင်​ လူများအ​တော်​အသင့်​စည်​​နေ၍ အသံထွက်​ရယ်​မရ...။ကျိတ်​ရယ်​ရသည့်​တွက်​ ရဲရင့်​၏ ​ကျောပြင်​သည်​ တသိမ့်​သိမ့်​လှိုက်​တုန်​​နေသည်​ ...။

"ဘာရယ်​တာလဲ​ဗျ... ဖုန်းကစုတ်​​ပေမယ့်​ အစ်​ကို့တွက်​တန်​ဖိုးမဖြတ်​လို့မရနိုင်​ဘူး...​သေချာသိမ်းထား ။ ဒီ​နေ့​တော့... ဒါ​လေးတွက်​ ​ကျေးဇူးဘဲ ​​ရှေ့​လျှောက်​ ကျွန်​​တော်​အရင်​က ထိန်းချုပ်​ခဲ့ရတဲ့ အပြုအမူ​တွေကို တစ်​ခုချင်းချိုး​ဖောက်​​တော့မှာမို့လို့ ကျွန်​​တော့်​ကို အစ်​ကိုစိတ်​ပျက်​သွားလည်း ကျွန်​​တော့်​ဘတ်​က ​ရှော့မရှိဘူး..."

လက်​ထဲ​ရောက်​တာမကြာ​သေးတဲ့7​လေးကို မျက်​လုံးကမခွာ ၊ပါး​စောင်​ကပ်​ပီကပ်​ကို တလှုပ်​လှုပ်​၀ါး​နေရင်း အ​ချေငဂျစ်​ဒီဇိုင်းနဲ့ ငယ့်​ကို ရဲရင့်​ပြုံး၍သာကြည့်​​နေလိုက်​သည်​ ...။ ထိုအပြုံးကို မျက်​​တောင်​တခတ်​ပင့်​တင့်​ချိန်​နှင့်​ဆုံလိုက်​​သောအခါ နှိုင်းမန်​ကိုယ်​​လေး ​တောင့်​တင်းသွားသလိုခံစားရ၏ ...။

"အဟက်​...ကိုယ့်​သဲငယ်​က​တော့ကွာ ​အေးပါ ...ငယ်​ကြိုက်​သ​လောက်​ဆိုး ...​အေး..ဒါ​ပေမယ့်​ ကိုယ့်​ကိုကိုယ်​​တော့ လမ်းမှား​ရောက်​​စေမယ့်​အဆိုးအ​တေ​လေး​တော့​မလုပ်​နဲ့ ...ကိုယ်​တွက်​ကလည်း ငယ်​​ပြောသလို​ရှော့မရှိဘူး... ဘာလို့ဆို ကိုယ်​ငယ်​ကိုချစ်​မိလာတည်းက ငယ်​ရဲ့ဘယ်​လိုဖြစ်​တည်​မှုဖြစ်​ဖြစ်​ကိုယ်​လက်​ခံနိုင်​ပြီးသားမို့ ကိုယ့်တွက်​ ​နောင်​တဆိုတာရှိလာမှာမဟုတ်​ဘူး..."

ရဲရင့်​ရဲ့ရှင်းပြမှုမှာ သူဘာဆက်​​ပြောရမယ်​မသိ​တော့ ...။ မျက်​နှာမထားတက်​စွာ ​ရှေ့မှ​ခက်​​နွေး​နွေး​ကော်​ဖီခွက်​ကို ဟန်​ကိုယ်​ဖို့ ​သောက်​​လိုက်​ရာမှ တစ်​စို့သွား​သော လည်​​ချောင်းတစ်​​လျှောက်​က ခံရခက်​စွာ ပျို​အင့်​လာသည်​ ...။ ထို့်​​နောက်​အသက်​ရှူမ၀မှု့က လူကို မျက်​လုံးမျက်​စံပြူး​စေသည်​ထိ ... ။

"ငယ်​ ...ငယ်​ ဘာ ဘာဖြစ်​တာလဲ..အာ ...ခုန ပီ​ကေ!..."

နေရာမှ အတင်းထလာပြီး ဒူးတစ်​ဖက်​​ထောင်​ထား​သော သူ့ဒူး​နှင့်နှိုင်းမန်၏​​​​၀မ်း​ဗိုက်​​နေရာကိုတည့်​တည့်​ထား​စေပြီး ၃ခါ​လောက်​​စောင့်​ချရင်း ​ကျောလည်​တစ်​​နေရာကို လက်​ဖ​နောင့်​နှင့်​ခပ်သာသာရိုက်​ချ​ပေးလိုက်​မှ လည်​​ချောင်းဝမှ တစ်​​နေ​သော ပီ​ကေသည်​ ခံတွင်းထဲသို့​ချောချူစွာပြန်​ကန်​ထွက်​လာ၏.. ။ နှိုင်းမန်​အဆင်​​ပြေသွားဟန်​ရမှဘေးတွင်​၀ိုင်းကြည့်​​နေသာသူများသည်​လည်း ခဏကြာအသီးသီး​နေရာပြန်​ထိုင်​သွားကြသည်​ ။

"ငယ်​ရာ ... လုပ်​လိုက်​ရင်​ အရမ်းဘဲ ...​တော်​​သေးတယ်​ အနားကိုယ်​ရှိ​နေလို့ ​ရော့ ​ရေ​သောက်​လိုက်​ဦး...​ဖြေး​ဖြေးလည်း​သောက်​ဦး ..."

ရေ​အေးတစ်​ခွက်​ကို ကမ်း​ပေးရင်း​ နှိုင်းမန်​နှုတ်​ခမ်းဝ၌ တင်​ကျန်​​နေ​သော သွားရည်​အညစ်​အ​ကြေးစွန်းများကိုဦးစွာ လက်​ဖိ​နှောင့်​နှင့်​ ဖယ်​ရှား​ပေးလိုက်​​သော ရဲရင့်​အပြုမူက နှိုင်းမန်​အတွက်​​တော့ ခုနပီ​ကေနင်​သွားသည်​ထက်​ ပိုပြီးမွန်းကျပ်​​စေ၏ ...။

_____________©©©©______________

ဖေ​ဖော်​၀ါရီ...သို့တမ်းချင်း[completed]Where stories live. Discover now