အပိုင်း၆...
အိမ်ရှေ့တံဆက်မြိတ်အဖီလေး၌ထွန်းထားသော ၀ါကျင်ကျင်နှင်းကွဲမီးသီးငယ်လေးတစ်လုံးဖြင့်သာ အလင်းအားပံပိုးထားနိုင်သော အိမ်ငယ်လေးသည် သူ့အားတိတ်ဆိတ်စွာစောင့်ကြိုနေသည် ... ။ညနေ၅နာစွန်းစွန်းအချိန်လေးဖြစ်ပေမယ့် ပိတ်ထားသောပြတင်းငယ်များနှင့် သံချေးတို့တက်စပြုနေသည့်ခြံဝင်းတံခါးရှိသော့ကလောက်က သူ့ကို ဤအိမ်၌လူမရှိကြောင်း အသိရိုက်စေသည် ...။
"ဘယ်သွားနေတာလဲ ငယ်ရာ..."
ခေါင်းမှ ဆံပင်များကို လက်သိမ့်ထိုးရင်း ညီးညူပြောမိသော်လည်း သူစဉ်းစားနေသည်မှာ ငယ် ဘယ်တွေများ သွားတက်သေးလဲဟူ၍ ... ။ တတယ်တမ်း သူနဲ့ငယ်ရဲ့ရင်းနှီးမှုအတိုင်းတာသည် ကုန်စင်လုပြီဟုထင်ရခဲ့ပေမယ့် သူမပါဘဲ ငယ်ဘယ်နေရာတွေသွားတက်သလဲဆိုတာပင်သူမသိ ... ။ ငယ်ဘယ်သွားသွားကိုယ်ပါမှဖြစ်တာဟူသော မိမိကိုယ်မိမိအထင်ကြီးမိသည့်စိတ်က ဒီအချိန်၌သူ့ကိုယ်သူ ဟားတိုက်လှောင်ပြောင်နေသလို ခံစား၏ ...။
ခဏကြာ အခုခါများဆိုသည့်မျှော်လင့်ချက်ကြောင့် ငယ့်ဖုန်းကို ထပ်ခေါ်ဆိုသော် မပြောင်းလဲသောအဖြေကိုသာရသည် .... ။
"ကိုယ့်အိမ်မှာ ဘာမှဧည့်ခံစာစရာမရှိပါဘူးဆိုကွာ"
ရဲရင့်,သူ့နောက်နားယွန်းယွန်းမှ ကြားလိုက်ရသော ငယ့်အသံသဲ့သဲ့ကြောင့် ၀မ်းသာအားရလှမ်းကြည့်မိလိုက်ပေမယ့် သူ့အမြင်အာရုံ၌ မြင်လိုက်ရသောမြင်ကွင်းကြောင့် တပြိုင်နက်တည်း ရင်ဘတ်ထဲမှ ကလီစာများ အရှင်လက်လက်ဆွဲထုတ်ခံလိုက်သလို လစ်ဟာမှုကြီးက တစိုးနင့်ဝင်ရောက်လာသည်....။
ဒါက ငယ်ရဲ့ဘယ်လိုပုံစံလည်း....ဒါက သူနဲ့ကျွမ်းဝင်ခဲ့တဲ့ ငယ်ရဲ့ပုံရိပ်တွေမဟုတ်ဘူး....။"ငယ်!!! "
ရဲရင့်သူရဲ့ ဒေါသသံစွတ်ခေါ်သံကြား နှိုင်းမန်ဆုတ်ကိုင်ထားသော တစ်စုံတစ်ယောက်၏လက်တစ်စုံကို ဖယ်ခွာလိုက်ပုံက ကြောက်လန့်မှုတစ်ခုခပ်ပါးပါးယှက်နွယ်နေ၏။ သို့သော်..စက္ကန့်မကြာ သူ၏ဟန်ပန်သည် ပကတိတည်ငြိမ်သွားသည် ... ။ ရဲရင့်သူမှာတော့ အံ့သြမှုနှင့်ကြောက်ရွံမှုတို့သာ သူ့ခန္ဓာ၌တလှည့်စီဖြတ်ပြေးစီးနေ၏ ... ။
![](https://img.wattpad.com/cover/187184257-288-k582091.jpg)
VOUS LISEZ
ဖေဖော်ဝါရီ...သို့တမ်းချင်း[completed]
Roman d'amourတမ်းချင်းများသို့ .... ဦးတည်ခြင်း ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့အချစ်တစ်ခုမှာ မျက်ဝန်းပြာမလေးတွေကိုရင်မခုန်ပါနဲ့ဆိုတဲ့ သ၀န်တိုစာလေးတောင်မပို့ရက်အောင် အစ်ကိုအချစ်က ငယ့်တွက်ပြည့်စုံခဲ့ပါတယ်...