အပိုင်း၃....
၂၀၁၈.... ဖေဖော်ဝါရီ၇ရက် ...မှိုင်းညှို့ညှို့နှင်းပိတ်လွှာများကြား ခပ်ရိပ်ရိပ်လှမ်းမြင်လိုက်ရသော အဖြူရောင်ကျောပြင်ရိပ်ကြောင့် လှမ်းလျှောက်လာသော သူ၏ခြေလှမ်းများ အနည်းငယ်တုံးဆိုင်းသွား၏ ... ။ ပြီးနောက် လက်သီးကိုတစ်ချက်ဆုတ်တင်းရင်း သူ၏နှာသီးဖျားမှထွက်သောလေပူတစ်ချက်ကို ဖေဖော်ဝါရီမနက်ခင်း၏လေနုအေးများကြား ရောထွေးစေလိုက်သည် ....။
"အစ်ကို..."
အားတင်းကာ ခေါ်လိုက်သော သူ၏ အသံပါးနှင့်ထပ်တူ ကျောပေးရာမှ လှည့်ကြည့်လာသော ကျောပြင်ဖြူပိုင်ရှင်....။
"ငယ်! "
"...... .... "
" ကိုယ့်ကို နောက်အဲ့လိုမစပါနဲ့ ... တကယ်သာဆို ကိုယ်တကယ်သေသွားနိုင်တယ်..."
ရုတ်ချည်းသူ့ကို တင်းကျပ်စွာဖတ်၍ နှုတ်မှခရားရေလွှတ်ပြောနေသော ညီငယ်နှင့်သတ်ဆိုင်သူကြောင့် နှိုင်းမန်မည်သို့တုံ့ပြန်ရမည် မစဉ်းစားတက်တော့ ... ။
"အိပ်မက်ဆိုတဲ့အသိနဲ့တောင် ကိုယ့်မှာ ရင်ဘတ်ကြီးဆွဲဖြဲလိုက်သလိုခံစားရတာ ... တကယ်သာဆိုကွာ ..."
တစတစတင်းကျပ်စွာဖတ်တွယ်လာသောလက်များကြား သူအသက်ရှုဖို့ပင်မေ့လျော့သွားသည်။
"ကျေးဇူးပြုပြီး ကိုယ့်နားကနေ ဘယ်လိုအကြောင်းပြချက်နဲ့မှ ထွက်မသွားပါနဲ့နော် ..."
တင်းကျပ်မှုများ ကိုယ်၌ပြေလျော့သွားသည့်ခဏ ဆုံကြည့်ဖြစ်သည့် သူမျက်ဝန်းမှ ကြည်လဲ့လဲ့ဇီဝရည်က ကိုယ်ကိုဖျင်းခနဲဖြစ်သွားစေသည်...။ထို့ပြင် သူဖယ်ခွာသွားသောပုခုံးပေါ်မှ စိုထိုင်းမှုအနည်းက လေတချက်အသွေ့ အအေးဓာတ်ကို ကွက်ကြားပို၍ တွန်းအားပေးတော့ လူမှာ သိမ့်ခနဲကြက်သီးမွှေးညှင်းထသွားရ၏ ... ။ ဒါသည် နှိုင်းမန်အဖို့ ပထမဦးဆုံးထိတွေ့ဖူးသော အခြားယောက်ျားတစ်ယောက်၏ လက်ဆက်ဆဲမျက်ရည်စများပင်....။
'ခင်ဗျား...ညီငယ်ကို အဲ့လောက်ထိရူးသွပ်ခဲ့တာလား ကိုရဲရင့်သူ' စိတ်ထဲဆိုမိသော ဤစကားရပ်သည် အပြင်လက်တွေ့၌ ပြောရန်ကြံရွယ်မိပေမယ့် ခုတော့ သက်ပျင်းငယ်တစ်ခုနဲ့အတူမျောချလိုက်ရ၏ .... ။
YOU ARE READING
ဖေဖော်ဝါရီ...သို့တမ်းချင်း[completed]
Romanceတမ်းချင်းများသို့ .... ဦးတည်ခြင်း ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့အချစ်တစ်ခုမှာ မျက်ဝန်းပြာမလေးတွေကိုရင်မခုန်ပါနဲ့ဆိုတဲ့ သ၀န်တိုစာလေးတောင်မပို့ရက်အောင် အစ်ကိုအချစ်က ငယ့်တွက်ပြည့်စုံခဲ့ပါတယ်...