တမ်းချင်း-၈

367 49 2
                                    

အပိုင်း၈...

"မင်းမရှက်​ဘူးလား ရှိုင်း!...မင်းဘယ်​လိုစိတ်​မျိုးများ မင်းနဲ့မျိုးတူအဲ့​ယောက်ျားတစ်​​ယောက်​ကို တမ်းတမ်းစွဲဖြစ်​​နေရတာလဲ ..ဟင်​? မင်း​တော့မသိဘူး...မင်းမျက်​နှာနဲ့ချွတ်​စွပ်​တူတဲ့ငါ​တော့ မင်းသူ့ရင်​ခွင်​ထဲပလူး​နေမယ့်​ချိန်​ကို​တွေးမိတိုင်း ကြက်​သီးထလွန်းလွန်းလို့ပါကွာ...​မ​နေ့ကငါ့သူငယ်​ချင်း​တွေ မင်းတို့တွဲကို New Oceanမှာ​တွေ့လိုက်​တယ်​တဲ့...​အေး...သူတို့်​တွေ့တာငါမဟုတ်​​ပေမယ့်​ မင်းနဲ့ငါရဲ့ဒီမျက်​နှာကြီးက...​တောက်​!"

ဒေါသတကြီးမြည်​တွန်​​တောက်​တီး​နေ​သော နှိုင်းမန်​​ရှေ့ ရှိုင်းမန်​သည်​ ဘာမှပြန်​မ​ပြောနိုင်​ ​ခေါင်းငိုက်​စိုက်​ကျ၍ အသံတိတ်​ရှိုက်​ကာငို​ကျွေး​နေသည်​ ...။

"မင်းနဲ့မင်းအ​ကောင်​ဘယ်​အတိုင်းတာထိ ငြိတွယ်​ခဲ့လဲမသိ​ပေမယ့်​ မင်းအတက်​နိုင်​ဆုံးအဆက်​သွယ်​ဖြတ်​ပါ...ကြားလား ​နောက်​မှငါ့အဆိုးမဆိုနဲ...ငါသတိ​ပေးတုန်းမင်းအ​ကောင်​နဲ့အဆက်​ဖြတ်​ရင်​ဖြတ်​ ...မဖြတ်​နိုင်​ရင်​​တော့ မင်း ငါနဲ့အ​မေတို့နဲ့အဆက်ဖြတ်​ရလိမ့်​မယ်​...အ​မေမှာ မင်း​ဆေးဖိုး​တွေနဲ့အသက်​ရှု​မ​ချောင်​တာကြာပြီ...ဒီကိစ္စသာအ​မေသိရင်​ ​သေသွားဖို့ဘဲရှိတယ်​....ကိုယ်​က​ရောဂါသည်​ အိမ်​တွက်​ဘာမှမ​ထောက်​ကူနိုင်​ရင်​​တောင်​ အများကဲ့ရဲ့စရာဖြစ်​​အောင်​မ​နေပါနဲ့လား..."

ဒေါသတို့​ကြောင့်​​ ​​ကရား​ရေလွှတ်​တရဆက်​​ပြော​နေ​သော်​လည်း ထိုစကားဓားစက်​၏ပစ်​ခွင်းရာသည်​ ရှိုင်းမန်​၏ နှလုံးသည်းစိုင်​ထဲသို့သာဖြစ်​​နေ၏...။

" သူ..သူ ​နောက်​တပတ်​ဆို ​သြစ​​တြေးလျသွားရ​တော့မှာ ...​ဆေးနည်းပညာ​သင်​တန်းက ၂လ​ကျော်​​လောက်​ကြာမှာ... အဲ့ချိန်​ အဲ့ချိန်​တွင်း ကျွန်​​တော်​သူနဲ့အဆက်​သွယ်​ဖြတ်​နိုင်​​အောင်​ကြိုးစားပါ့မယ်​...​ကျေးဇူးပြုပြီး ဒီကိစ္စကိုအ​မေ့ကိုသွားမ​ပြောပါနဲ့​နော်​...​နော်​ကိုကို.."

မျက်​ရည်​များကို လက်​ဖ​နှောင့်​နှင့်​ပွတ်​ဆွဲသုတ်​ရင်း အားကိုးတကြီးလျှိုကျိုးခွင့်​ပန်​​သော ညီငယ်​ကို စိတ်​မသတ်​မသာကြည့်​ရင်း နှိုင်းမန်​အခန်းငယ်​​လေးထဲမှ ထွက်​လာခဲ့သည်​ ....။

ဖေ​ဖော်​၀ါရီ...သို့တမ်းချင်း[completed]Where stories live. Discover now