အပိုင်း၇...
၂၀၁၈...ဖေဖ၀ါရီ၁၆ရက်....အုပ်ဆိုင်းဆိုင်းအရိပ်ရသစ်ပင်အောက်ရှိခုံတန်းလေးပေါ်တွင် ကောင်လေးနှစ်ယောက်ပုခုံးယှဉ်လျက်ထိုင်နေကြ၏...။
"ကျွန်တော့်ကို စိတ်ပျက်နေပြီမို့လား "
လှုပ်ရှားမရှိသော လူလုပ်ရေကန်လေးထဲ ခဲလုံးငယ်များကို နှိုင်းမန် တစ်လုံးပြီးတစ်လုံးပစ်ထည့်နေသည် ...။"မဟုတ်ဘူးငယ် .... ကိုယ် ကိုယ့်ကိုကိုယ်မကျေနပ်တာ .... ကိုယ့်ဘေးငယ်ရှိနေစဉ်တစ်လျှောက်လုံး ငယ်ဟာ ကိုယ့်ပေးတဲ့အချစ်တွေနဲ့တင် ငယ့်တွက်ပြည့်စုံနေပြီထင်ခဲ့တာ ... ၊ကိုယ်မှာ လိုအပ်ချက်တွေရှိနေတာမသိဘဲ ...အဟက်!ခုခေတ်ပြောစကားကွာ ကိုယ်စိတ်ကြီးဝင်နေခဲ့မိတာ .... "
"ဘယ်သူပြောလဲ!..."
နှိုင်းမန်၏ ရုတ်ချည်းဖြတ်ပြောစကားကြောင့် ရဲရင့် စကားတုံ့သွားကာ မျက်လုံးများက နှိုင်းမန်ဆီမှဆက်လာမည့် စကားတို့ကို ငဲ့လင့်နေသည် ... ။
"ဘယ်သူက သတ်မှတ်ပေးတာလဲ ...ခင်ဗျားရဲ့အချစ်တွေမှာ လိုအပ်မှုရှိနေတယ်လို့ ... ခင်ဗျားရဲ့ချစ်နိုင်စွမ်းတွေက လူနှစ်ယောက်ရဲ့နှလုံးသားတွေကို တမြေ့မြေ့နဲ့ဆွေးအောင် အလုပ်နိုင်တယ် ...အဲ့တာခင်ဗျားရဲ့ ချစ်တက်မှုတွေ နယ်ကျွံနေလို့...နယ်ကျွံနေလို့ဗျ"
စကားတို့တရဆက်ပြောရင်း ဖြိုင်ကျလာသော နှိုင်းမန်မျက်ရည်များကို သုတ်ပေးရန် ရဲရင့်လက်ကမ်းလိုက်သော်ငြား...ခေါင်းရှောင်တိမ်းကာသူ့လက်များ ပုတ်ချခံလိုက်ရသည် ...။"ဘာဖြစ်လို့များ ခင်ဗျား ရှိုင်းမန်ကို အဲ့လောက်ထိရူးသွပ်ခဲ့ရတာလဲ ... ဘာကိစ္စအရာရာပြည့်စုံနေတဲ့ခင်ဗျားက ပြည့်စုံတဲ့အချစ်တစ်ခုကိုမဖန်တီးခဲ့တာလဲ .."
"ငယ်...နောင် တ ရ နေတာလား ကိုယ့်ကိုချစ်ခဲ့တဲ့တွက်"
ဝါကျတစ်ကြောင်းဆုံးဖို့ပင် မနည်းအားယူပြောလိုက်ရစဉ် ပါးပြင်တစ်ဖက်ပေါ်သို့လျောဆင်းသွားသော မျက်ရည်ကြောင်းငယ်က ရဲရင့်ရင်ဘတ်ထဲ ဘယ်လောက်ဗြောင်ဆူနေမလဲ သိသာလှ၏ ....။
![](https://img.wattpad.com/cover/187184257-288-k582091.jpg)
VOCÊ ESTÁ LENDO
ဖေဖော်ဝါရီ...သို့တမ်းချင်း[completed]
Romanceတမ်းချင်းများသို့ .... ဦးတည်ခြင်း ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့အချစ်တစ်ခုမှာ မျက်ဝန်းပြာမလေးတွေကိုရင်မခုန်ပါနဲ့ဆိုတဲ့ သ၀န်တိုစာလေးတောင်မပို့ရက်အောင် အစ်ကိုအချစ်က ငယ့်တွက်ပြည့်စုံခဲ့ပါတယ်...