ဇာတ်သိမ်းပိုင်း....
"ငယ့်!..."
"အစ်ကိုသတိရလာပြီလား..."
"ကိုယ် ငယ့်ဆီသွားမယ်..."
ရဲရင့်သည် သတိရလာလာချင်း လက်ဖျံ၌ချိတ်ထားသော ဆေးပိုက်များကို ဇွတ်တင်းဆွဲဖြုတ်နေသည် ... ။
"ဟာ! အစ်ကို...အဲ့လိုအတင်းမလုပ်နဲ့လေဗျာ ကိုယ်တိုင်ဆရာဝန်ဖြစ်ပြီးတော့..."
"တိတ်စမ်း!...မင်းပါးစပ်ကိုပိတ်ထား...ခုချိန်မှာ ငါမင်းကိုထ မထိုးတာ ငါသိပ့်ချစ်ရတဲ့ ငယ့်ပုံရိပ်တွေ မင်းမျက်နှာမှာ ရှိနေလို့ကွ..."
"အစ်ကို ကျွန်တော်နဲ့ အတူရှိနေစဉ်တွင်း ...အစ်ကို့ဂရုစိုက်မှုတွေက ကျွန်တော့်အပေါ်လုံးဝသံသယမရှိခဲ့ဘူးဆိုတာ အစ်ကိုမညာပါနဲ့..."
သူခဏတွေဝေသွားပေမယ့် ခုချိန်မှာ သူ့ဦးနှောက်က ငယ့်ကလွဲရင် ဘာကိုမှ လက်ခံစဉ်းစားမနေချင်တော့..။"မင်းဘာကို ဆိုလိုချင်တာလဲ ငါမသိချင်ဘူး .... ငါမင်းနဲ့လည်းဆက်မပတ်သတ်ချင်တော့ဘူး...ဒါပေမယ့် နောက်ဆုံးအနေနဲ့ငါ့ကို ငယ်အနားယူရာနေကာကို လိုက်ပြပေးပါ...ကိုယ်ကိုတိုင်ရှာဖွေဖို့ အားမရှိတော့လို့ပါ ..."
"အစ်ကို့လက်!..."
ဆေးပိုက်ဖြုတ်ထားရာ လက်ဖျံနေရာမှ သွေးတို့တဖြေးဖြေးယိုစိမ့်ကျသည်ကိုမြင်လိုက်သော နှိုင်းမန်သည် သုတ်သင်ဖယ်ရှားရန် လက်လှမ်းလိုက်ပေမယ့် ရှောင်တိမ်းခြင်းခံလိုက်ရပြန်သည် ...။ ထို့နောင် ရဲရင့်သူ့လက်ဖျံကိုသူဖိ့ကာ အပေါက်ဝနားရပ်နေသော နှိုင်းမန်ကိုယ်ကိုရှောင်ဖယ်ကာ ထွက်သွားလေ၏ ...။ နှိုင်းမန်မှာတော့ ကမ်းလျက်သားဖြစ်နေသော ပိုင်ရှင်မဲ့လက်တစ်စုံကိုကြည့်ပြီး မခံချင်စိတ်နှင့်နာကျင်မှုရော ခပ်မဲ့မဲ့ရယ်လိုက်သည်...။
___________®©®©®©_____________
၂၀၁၈....ဖေဖ၀ါရီ၂၈ရက်....
![](https://img.wattpad.com/cover/187184257-288-k582091.jpg)
VOUS LISEZ
ဖေဖော်ဝါရီ...သို့တမ်းချင်း[completed]
Roman d'amourတမ်းချင်းများသို့ .... ဦးတည်ခြင်း ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့အချစ်တစ်ခုမှာ မျက်ဝန်းပြာမလေးတွေကိုရင်မခုန်ပါနဲ့ဆိုတဲ့ သ၀န်တိုစာလေးတောင်မပို့ရက်အောင် အစ်ကိုအချစ်က ငယ့်တွက်ပြည့်စုံခဲ့ပါတယ်...