Ep - 1

2.4K 153 5
                                    



Min Yoongi တဲ့ ........ Min Yoongi ဆိုတာ Assumption ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ နာမည်ကြီးကျောင်းသားတစ်ဦး ။ ရုပ်ရည်ချောမောပြီး အတော်ဆုံးကျောင်းသားတွေကို မွေးထုတ်ပေးတဲ့ Assumption ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Min Yoongi ဟာ ဘာကြောင့် နာမည်ကြီးကျောင်းသားတစ်ဦးဖြစ်နေရတာလဲဆိုတာ အချက်တွေအများကြီးထဲက ငါးချက်ကို အရင်ပြောပြမယ် ။

တစ်အချက် ....... သူက Assumption ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Min Soo hyun ရဲ့ တစ်ဦးတည်းသော သားဖြစ်တယ် ။

နှစ်အချက် ...... သူဟာ အရမ်းကို ညဏ်ကောင်းပြီး အိုင်ကျူ ၁၄၀ ကျော်ရှိတဲ့ အတော်ဆုံးကျောင်းသားတစ်ဦးဖြစ်တယ် ။

သုံးအချက် ...... သူ့ရဲ့ရုပ်ရည်က မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့ရုပ်ရည်မျိုး ။ ဒီအထက်တန်းကျောင်းမှာ ရှိတဲ့ တခြားရုပ်ချောတဲ့ ကျောင်းသားတွေကိုကျော်ပြီး သူက ဘာကြောင့်ရေပန်းစားရသလဲဆိုရင် တစ်လောကလုံးသူ့လုပ်စာထိုင်စားတဲ့ မျက်နှာပေးနဲ့ အပြုံးအရယ်ကင်းတဲ့ သူ့ပုံစံကြောင့် မိန်းကလေးတွေက ပိုပြီးသည်းသည်းလှုပ်ဖြစ်လာကြတယ် ။ သိတဲ့အတိုင်းပဲ ........ ဟာသတွေပြောပြီး အပေါင်းသင်းများတဲ့ ယောကျာ်းလးထက် တလောကလုံးကိုချေတတ်တဲ့ ဥစ္စာပေါရုပ်ချောသူဋ္ဌေးသားလေးကို မိန်းကလေးတွေက မရမှန်းသိတာတောင် ပစ်ကြွေတတ်တာလေ ။

လေးအချက် ........ သူ့မှာ တစ်ကျောင်းလုံးရဲ့ ကြည့်အကောင်းဆုံး အချောမောဆုံးနတ်သားလေးတွေလို့ တင်စားကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ။ သူက အဲ့နှစ်ယောက်ကလွဲရင် ဘယ်သူနဲ့မှ စကားမပြောဘူး ။ သူမှမဟုတ်ဘူး ...... ကျန်တဲ့နှစ်ယောက်ကလည်း သူတို့အချင်းချင်းကလွဲပြီး တလောကလုံးကို ဂရုမစိုက်တဲ့သူမျိုး ။ အဲ့နှစ်ယောက်ကလည်း ဒိတ်ဒိတ်ကြဲမိသားစုက ဆက်ခံသူတွေဖြစ်တဲ့ သူဋ္ဌေးသားလေး Kim Taehyung နဲ့ Jeon Jungkook ။ ဒါကြောင့် သူတို့သုံးယောက်ကို ပူးပြီးမြင်လိုက်ရင် ဒါဟာ လုံးဝကို Perfect ဖြစ်တဲ့ မြင်ကွင်းတစ်ခုလို့တောင်ဆိုလို့ရတဲအထိ ။

ငါးအချက် ......... ဒီလောက် မဟားတရားချေလွန်းတဲ့ ရွှေမင်းသားလေးဟာ ခုထိ ချစ်သူရည်းစားရှိတယ်လို့ ကောလဟာလလေးတောင် မထွက်သေးတဲ့အတွက် မိန်းကလေးတော်တော်များများကလည်း သူတို့အတွက် အခွင့်အရေးရှိသေးတယ်လို့ ထင်ကြတဲ့အတွက် Min Yoongi ရှေ့မှာ သတိထားခံရအောင် အမျိုးမျိုး ကြိုးစားကြတယ် ။

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Where stories live. Discover now