Ep - 9

813 84 3
                                    




Jimin လက်ကို ကိုင်ဆွဲထားကာ Taxi တားနေသည့် Yoongi ကို Jimin အံ့သြပြီးရင်းအံြ့သကာ ငေးကြည့်နေမိသည် ။ ဒီမနက် ကျောင်းပေါက်ဝမှာတင် သူ့ကိုဆွဲခေါ်လာပြီး ဒီနေ့ဒိတ်ရအောင်လို့ ပြောလာတဲ့ Yoongi ဟာ သူသိခဲ့ဖူးတဲ့ Min Yoongi နဲ့ လားလားမှပင်မသက်ဆိုင်သလို ။ ကျောင်းရဲ့အတော်ဆုံးကျောင်းသားတစ်ယောက်က ကျောင်းလစ်ပြီး ဒိတ်လုပ်ဖို့ကို ဘယ်သူက အားပေးအားမြောက်လုပ်လိုက်တာလဲမသိ ။ ဒါလည်းတစ်မျိုးကောင်းပါတယ် ................ Jimin အနေနဲ့လည်း ဆိုးသွမ်းသည်ရှိဖူးသွားတာပေါ့ ။

" ဘယ်သွားမှာလဲ .............."

Taxi ပေါ်ရောက်တော့ Jimin က Yoongi ကိုမေးလိုက်တယ် ။ Yoongi က ချက်ချင်းမဖြေ ။ ယာဉ်မောင်းကိုတစ်ချက်လှမ်းကြည့်ကာ Jimin ဘက်လှည့်လာပြီး ပြုံးပြလိုက်သည် ။

" တစ်နေရာပေါ့ ......... ကိုယ်နဲ့မင်းနဲ့ နှစ်ယောက်တူတူ ဒိတ်လုပ်လို့ကောင်းမယ့် တစ်နေရာ "

" Sunbae nim .......... "

" မငြင်းရဘူးလေ ........ ကိုယ်တို့ရဲ့ First Date ကို "

ချစ်တယ် ......... Jiminie ..... ချစ်လွန်းလို့ မင်း ငါ့မျက်စိအောက်က ပျောက်သွားမှာတောင်ကြောက်မိတယ် ။

" ကောင်းပြီ ............ Sunbae သဘောပါ ။ ကျွန်တော်ကတော့ Sunbaeနဲ့အတူရှိနေမယ်ဆိုရင် ဘယ်နေရာဖြစ်ဖြစ်သဘောကျပြီးသား "

ဒီစကားက စိတ်ရင်းအမှန်လားလို့ မေးလိုက်ချင်ပေမယ့် နေပါစေလေ ။ ဒီအခြေနေလေးကို မဖျက်စီးလိုက်ချင်ဘူး ။ မင်းက ငါ့ကို တစ်ရစ်ရစ်နဲ့ပြုစားနေတာပဲ ။ မင်းရဲ့ ညို့ကွင်းက ရေသေထဲက မှော်ရှင်လိုပဲ ။ ရုန်းလေနစ်လေ ..... နောက်ဆုံး မင်းရဲ့ရစ်ပတ်မှုတွေကြား ငါပြိုလဲရတော့မှာ ။

" ကားခဏရပ် ................ စားစရာနဲ့ အအေးတစ်ချက်ဆင်းဝယ်မလို့ ........ ဒီမှာပဲစောင့်နေနော်...........Jiminie "

Yoongi က Taxi ယာဉ်မောင်းကိုလှမ်းပြောတော့ ယာဉ်မောင်းက ကားကိုချက်ချင်းရပ်လိုက်သည် ။ Yoongi ဟာ အနီးစပ်ဆုံး စတိုးဆိုင်တစ်ခုထဲ ဝင်ပြီး အအေးနဲ့စားစရာတစ်ချို့ကို ဝယ်ဖို့ဆင်းသွားလိုက်သည် ။ ကားပေါ်မှာကျန်ခဲ့တဲ့ Jimin ဟာ သက်ပြင်းကို ခပ်လေးလေးချပြီး ကားကူရှင်ကိုမှီလိုက်သည် ။ သူလည်းတကယ်ရင်မောရတယ် ။

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Where stories live. Discover now