Ep - 11

726 78 5
                                    



ကယ်ဆယ်ရေးတွေနဲ့တွေ့လို့ Yoongi တို့ နေရာကိုကောင်းကောင်းမွန်မွန်ပြန်ရောက်ခဲ့ပါတယ် ။ အရာအားလုံးအဆင်ပြေနေပေမယ့် Jimin က သူ့အပြစ်နဲ့သူမို့ Yoongi ကိုတည့်တည့်ပင်မကြည့်ရဲ ။

Yoongi ဟာ Jimin ရဲ့ပတ်တီးစည်းထားတဲ့ခြေထောက်ကို သူ့လက်နဲ့သေချာကိုင်ကာ နူတ်ခမ်းလေးဆူပြီး လေမှုတ်ပေးလိုက်သည် ။ Jimin က အားနာပြီးသူ့ခြေထောက်ကိုပြန်ဆွဲယူနေပေမယ့် Yoongi က Jimin ခြေထောက်တွေကို သူ့ပေါင်ပေါ်သေချာတင်ရင်း ကရုဏာဒေါသဖြင့်ပြောလိုက်သည် ။

" ငြိမ်ငြိမ်လေးနေ......... ဘေဘီခြေထောက်က ချက်ချင်းကြီးသက်သာဦးမှာမဟုတ်ဘူး ။ ဒါကြောင့်် ကိုယ်မပါဘဲ ဒီရက်ပိုင်း အခန်းထဲကမထွက်နဲ့ ။"

" ကျွန်တော့်ကို စိတ်မဆိုးဘူးလား .......... Sunbae "

" ဆိုးတယ် ......... ကိုယ့်စကားနားမထောင်တဲ့အတွက် အရမ်းစိတ်ဆိုးတယ် ။ ဒါပေမယ့် မဆူရက်ဘူး "

Jimin မျက်နှာလေးကို ငေးမော့ကြည့်ရင်း Yoongi က မြတ်မြတ်နိုးနိုးဆိုလိုက်တော့ Jimin အသည်းတစ်ခုလုံးဗြောင်းဆန်မတတ်ပင် ။ Sunbae ဟာ တစ်နေ့တခြားချစ်ဖို့ကောင်းလာပြီး Jimin အနေနဲ့မြတ်နိုးမိတာကိုတော့ ဝန်ခံပါတယ် ။ ဒါပေမယ့် ဒီလူက ............

Ding Dong .............!

တံခါးbell သံကြားလိုက်ရ၍ Yoongi ချက်ချင်းထသွားကာ တံခါးသွားဖွင့်လိုက်သည် ။ ပြီးနောက် သူမှာယူထားသည့် စားစရာတစ်ချို့ကိုယူပြီးနောက် ကျသင့်ငွေကိုရှင်းကာ အခန်းထဲပြန်ဝင်လာလိုက်သည် ။

" ညစာပြင်ပေးမယ် ......... ဒီမှာပဲ ထိုင်နေနော် ......."

" Nae..............."

Sunbae ဟာ တကယ့်ကိုပြည့်စုံလွန်းတဲ့ boyfriend တစ်ယောက် ။ သူတို့နှစ်ဦးရဲ့တွေ့ဆုံခြင်းကသာ အစကောင်းခဲ့ရင် ခုချိန်ဆိုဘယ်လောက်တောင် ပျော်စရာကောင်းနေမယ်လို့ထင်လဲ ။

သူမပြောတတ်ဘူး ........... သူ သိတာတစ်ခုက ခုရတဲ့အချိန်လေးမှာ အကောင်းဆုံးချစ်ပေးဖို့ပဲ ။

ပူပူနွေးနွေးဆန်ပြုတ်အိုးကို အိမ်ရှေ့ယူလာတဲ့ Yoongi ကိုကြည့်ပြီး Jimin နူတ်ခမ်လေးဆူသွားသည် ။

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Where stories live. Discover now