Ep - 12 B

713 78 2
                                    




" အဲ့ဒီနေ့က Jimin သေမလိုဖြစ်ခဲ့ရတယ် ။ သူသာ ဆေးရုံကို အချိန်မှီရောက်မလာခဲ့ရင် မိုးရေတွေကြားမှာ မင်းဖြစ်စေချင်ခဲ့သလို သူသေသွားလောက်ပြီ ။ Min Yoongi ............ ခုကစ Jimin နဲ့မပက်သက်မိအောင်နေပါ ။ ပြီးတော့ မင်းဆီကနေ Jimin ကိုအတတ်နိုင်ဆုံး ဝှက်ထားမှာမလို့ သူ့ကိုယောင်လို့တောင် မရှာမိစေနဲ့ ။ ဒီလိုမှမဟုတ်ရင် မင်းတို့ မိသားစုကို ငါကိုယ်တိုင်ဖျက်ဆီးပြမယ် "

Jimin ရဲ့ Hyung ဆိုသူဟာ Yoongi မျက်နှာကို ခါးသီးစွာကြည့်ပြီး သူ့ကားစီသို့ပြန်သွားတော့ Yoongi ထိုနေရာမှာပင် ခွေလဲမတတ်ဖြစ်သွားသည် ။

ကားနောက်ခန်းကနေ သူ့ဆီကို မျက်ရည်တွေအပြည့်နဲ့ ငိုယိုပြီးကြည့်လာတဲ့ Jimin ပုံကို ဝိုးတဝါးမြင်လိုက်ပြီးနောက် လွန်ခဲ့တဲ့ သုံးနှစ်က မျက်မှန်အဝိုင်းနဲ့ သွားတွေကို Brace တပ်ထားတဲ့ ကြည့်ရဆိုးတဲ့ ကျောင်းသားမျက်နှာလေးကို ဝိုးတဝါးပြန်မြင်ယောင်လာသည် ။

မျက်မှန်အဝိုင်းရဲ့အောက်က မျက်လုံးလှလှလေးတွေကို အဲ့တုန်းက သူဘာကြောင့် မမြင်ခဲ့ရပါလိမ့် ။ Brace တပ်ထားတဲ့ သွားဖြူဖြူတန်းလေးတွေအောက်မှာ ပြုံးလိုက်ရင်တောင်လှတဲ့ ဒီအလှတရားကို သူဘာကြောင့်လှောင်ပြောင်ခဲ့မိပါလိမ့် ။ ဆံပင်ခပ်အုပ်အုပ်ရဲ့အောက်မှာ အပြစ်ကင်းတဲ့မျက်နှာပိုင်ရှင်လေးကို အဲ့တုန်းက သူဘာကြောင့် မှန်တစ်ချပ်ပစ်ပေးခဲ့ပြီး သွားသေလိုက်ဆိုတဲ့စကားကို ပြောခဲ့မိပါလိမ့် ။

တစ်ဖျောက်နှစ်ဖျောက်ကျလာတဲ့ မိုးစက်အောက်မှာ Yoongi ဒူးထောက်ထိုင်နေပေမယ့် Jimin ပါတဲ့ကားလေးကတော့ Yoongi ကို နူူတ်ဆက်ခြင်းအလျှင်းမရှိ ထွက်သွားပြီ ။

" Minie.............. "

Yoongi နာကျင်စွာ ထိုနာမည်လေးကို အမြတ်တနိုးခေါ်ဆိုနေခဲ့မိပေမယ့် ပိုင်ရှင်လေးကတော့ မကြားနိုင်တော့ ။ တစ်ခါက မိုးရေတွေကြား နာရီတွေအကြာကြီးရပ်စောင့်နေခဲ့ပြီး Yoongi Hyung ဆိုပြီး သူ့နာမည်ကို အဆက်မပြတ်ခေါ်ဆိုခဲ့တဲ့ Jimin ရဲ့စကားတွေကို လျစ်လျှူရှူခဲ့မိလို့ ခုချိန်ဒီဝဋ်ကြွေးကို သူလှလှကြီး ပြန်ဆပ်နေရပြီ ။

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Opowieści tętniące życiem. Odkryj je teraz