Ep - 2

956 120 8
                                    



" ငါ ..... ငါ မင်းတို့ကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်မိတာများ ရှိခဲ့ဖူးလား ။ ဘာလို့ တစ်ကျောင်းလုံးက ငါ့ကို အနိုင်ကျင့်လို့ကောင်းတဲ့သူလို့ မြင်ရတာလဲ "

ခေါင်မိုးထပ်မှာ ရှိနေဆဲဖြစ်သည့် jimin သည် သူ့ရှေ့ကYoongi ကို ကြောက်လန့်စွာကြည့်ကာ ငိုသံစွတ်ပြောလိုက်တော့ Yoongi က သူ့ကိုစိတ်ပျက်သလိုခပ်စူးစူးစိုက်ကြည့်ကာ မျက်မှောင်ကိုကုပ်ထားလိုက်သည် ။

" ယောကျာၤးဖြစ်ပြီး ဒီလိုပျော့ညံ့နေလို့ လူတိုင်းအနိုင်ကျင့်တာကိုခံရတာ မဆန်းပါဘူး ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ "

တစ်ခွန်းတည်းသောစကားကိုဆိုပြီး နောက်ပြန်လှည့်ကာ လှေကားပေါ်ကဆင်းသွားသော Yoongi ကိုကြည့်ပြီး Jimin တစ်ခဏတော့ ဆွံ့အသွားသည် ။ Yoongi သူ့ကိုဘာကြောင့် ကယ်တင်ခဲ့ပြီး ဘာကြောင့် ကဲ့ရဲ့စကားဆိုသွားတာလဲဆိုတာကို သူကိုယ်တိုင်နားမလိုက်လိုက်သည့်ပုံစံနဲ့ Jimin အကြာကြီးရပ်နေခဲ့သည် ။

သိပ်မကြာခင်မှာပင် Jimin ၏ နူတ်ခမ်းပါးသည် တဖြေးဖြေးပြုံးလာပြီး ဘောင်းဘီအိပ်ကပ်ထဲက လက်ကိုင်ပုဝါကိုထုတ်ကာ သူ့နူတ်ခမ်းဘေးသားတွေကို သုတ်လိုက်သည် ။ သူ့မှာ အခု တရုတ်ပြည်က မဟာတံတိုင်းထက်ပိုပြီးခိုင်ခံ့တဲ့ တံတိုင်းကြီးတစ်ခုရှိနေပြီလေ ။ သူဘာကိုတွေးပူနေရဦးမှာလဲ ။

🍁

အခန်းထဲကို Jimin ပြန်ဝင်လာတာနဲ့ သူ့အတန်းဖော်တွေဟာ သူ့ကိုစူးစိုက်ကြည့်နေကြမှန်းသတိထားမိပေမယ့် Jimin မသိသလိုနေကာ ခေါင်းလေးငုံ့ပြီး မဝံ့မရဲနဲ့ သူ့ရဲ့ထိုင်ခုံကိုလျှောက်လာလိုက်သည် ။ စောနက သူ့ကိုအနိုင်ကျင့်ဖို့ကြိုးစားခဲ့တဲ့ ကျောင်းသားတွေကလည်း Jimin ကို အကဲခတ်နေကြပြီး တစ်ခုခုကို အပူတပြင်းသိလိုဟန်နဲ့ စောင့်နေကြသည် ။

Jimin ခုံမှာလည်းထိုင်နေရော သူတို့က အနားကို ဖြေးဖြေးချင်းတိုးကပ်လာပြီး မျက်နှာထားတင်းမာနေသော်လည်း အရင်လို ရိုင်းစိုင်းတဲ့အမူအရာတွေနဲ့မဟုတ်ဘဲ အနည်းငယ်ရှိန်တိန်းတိန်းဖြစ်နေသည့်ပုံစံနဲ့ရောက်လာကြသည်။

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Where stories live. Discover now