Ep - 7

855 111 5
                                    


" Yoongi ah ........ ငါဒီည Jungkook နဲ့ နှစ်ယောက်တည်းအိပ်ရမှာလား ။ ငါမအိပ်ရဲဘူး....... ငါ့ကိုမင်းတို့Tent ထဲခေါ်အိပ်ပါလား...."

သနားကမားမျက်နှာလေးနဲ့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး Yoongi အနားကပ်ချွဲနေတဲ့ Taehyung ကို Yoongi အားမနာစွာနဲ့ ပခုံးတွန့်ပြလိုက်သည် ။

" ငါတို့Tent က သုံးယောက်နဲ့တင် ကျပ်နေပြီ ။ မင်းပါထပ်ဝင်အိပ်မယ်ဆို Jimin ကို ငါ့ရင်ဘတ်ပေါ်တင်အိပ်မှပဲရမှာပေါ့။ ဒါပေမယ့် Jimin က ရှက်တတ်တော့ရမှာမဟုတ်ဘူး ။ ဒါကြောင့် ကိုယ့် Tent ထဲမှာပဲ ကိုယ်နေစမ်းပါ ''

" တရားကျဖို့ကောင်းလိုက်တာ ..... ငါ့တို့ Tent ထဲက ထွက်သွားစမ်း ။ ထပ်ပြီးဝင်မလာနဲ့........ လက်ထဲက မုန့်တွေလည်းချခဲ့ "

တကယ်တော့ Yoongi ဟာ Taehyungတို့ Tent ထဲမှာရှိတဲ့ မုန့်တွေကိုလာယူရာမှ Taehyung ၏ အကူညီတောင်းမှုကိုခံနေရတာပါ ။ သူ့မှာလည်း ကိုယ်ချင်းစာတရားရှိပါတယ် ။ သူတောင် ရင်းနှီးတာမကြာသေးတဲ့ Jimin အတွက် နည်းနည်းဆိုလည်းနည်းနည်း နီးစပ်ဖို့ကြိုးစားနေချိန်မှာ မူကြိုအရွယ် နှပ်ချေးတွဲလောင်းကလေးဘဝကတည်းက Taehyung တစ်ယောက်ကိုပဲ တစ်မျက်နှာကြည့်ပြီး ကျိတ်ပိုးခဲ့တဲ့ Jungkook ဟာဆို ဘယ်လောက်တောင် ချစ်တဲ့သူနဲ့နီးစပ်ချင်လိမ့်မလဲဆိုတာ ။ အရင်တုန်းက သိသိကြီးနဲ့ နှစ်ယောက်ကြားတမင်ကန့်လန့်နေခဲ့တာကိုတောင် နည်းနည်းနောင်တရချင်သလို ။ ဒါကြောင့် ခုသူ့အတွက်နတ်ဘုရားက Seok Jin ကို ပို့လိုက်သလားလို့ပင်ထင်မိသည် ။ တိုးတက်မှုမြန်ဆန်လွန်းသော သိပ္ပံခေတ်ကြီးထဲမှာ ဝဋ်သည် နောင်ဘဝပင်မကူးချေတော့ ။

မည်မျှပင် Taehyung ဆီက နှင်ထုတ်ခံရစေကာမူ Yoongi ဟာ သူ့လက်ထဲမှာ စားစရာအပြည့်ရအောင်သယ်လာသေးသည် ။ Tent ထဲက ပြန်ထွက်လာတာနဲ့ ရေချိုးပြီးပြန်လာသည့် jungkook ကိုတွေ့တော့ Yoongi က စိတ်လိုလက်ရပြုံးပြကာ ရဲဘော်ရဲဘက်တစ်ဦးလိုကြည့်လိုက်သည် ။

" ဒါက ပထမဦးဆုံးအကြိမ် မင်းရဲ့Crush နဲ့ ညအိပ်ခရီးထွက်ဖူးတာနော် ။ ဒါကြောင့် အပြုအမူတွေ ဆင်ခြင်ဦး ။ မဟုတ်ရင် ဒီတစ်ခါနောက်ဆုံးဖြစ်သွားမယ် "

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Where stories live. Discover now