Ep - 5

789 107 15
                                    


" နောက်တစ်ပတ်မှာ ဆရာတွေနဲ့ ကျောင်းသားကျောင်းသူတွေ စုပြီးသွားကြမယ့် Trip လေး မင်းတို့သုံးယောက်လိုက်မှာလား "

အတန်း A ၏ အတန်းခေါင်းဆောင်ဖြစ်သူသည် Yoongi တို့သုံးယောက်အနားကပ်လာကာ မဝံ့မရဲမေးလိုက်သည် ။ ဝတ္တရားရှိလို့သာ မေးရတယ် ............သူတို့က ဘယ်တုန်းကများ အဖွဲ့လိုက်ခရီးထွက်တာမျိုး လိုက်ဖူးလို့လဲ ။

Yoongi က စာအုပ်ဖတ်နေတာမလို့ အတန်းခေါင်းဆောင်မေးတာကိုပြန်မဖြေ ။ သုံးယောက်ထဲမှာ လူမှုရေးနည်းနည်းသိတာဆိုလို့ Taehyung ကလွဲလို့တခြားသူမရှိလို့ Taehyung ဟာ အတန်းခေါင်းဆောင်ကို ပြန်ဖြေလိုက်သည် ။

" Arrnyi ....... ငါတို့ကို စာရင်းမထည့်ထားနဲ့ ။ လိုက်ဖြစ်မှာ မဟုတ်ဘူး "

"ကောင်းပြီလေ ... မင်းတို့စိတ်ပြောင်းသွားရင်တော့ ပြောပေါ့ ။ ဒီတစ်ခေါက် Trip က ဂျုနီယာတန်းတွေနဲ့ပါရောမှာဆိုတော့ တော်တော်လေး ပျော်ဖို့ကောင်းမှာ "

အတန်းခေါင်းဆောင်က သူ့တာဝန်ကျေသွားပြီမလို့ တခြားသူတွေဆီသွားပြီး စာရင်းသွားကောက်ခံလိုက်သည် ။ ထိုအခါ Jungkook ဟာ Taehyung အနားတိုးကပ်လာကာ မျက်နှာချင်းထိလုမတတ် ကပ်ပြောလိုက်သည် ။

" Tae ....... ငါမင်းနဲ့ ခရီးအတူထွက်ဖူးချင်တယ် ။ နိုင်ငံခြားခရီးစဉ်မဟုတ်ဘဲ အထက်တန်းကျောင်းသားအရွယ်မှာ အုပ်စုလိုက် ခရီးထွက်ပြီး မင်းနဲ့အတူ အမှတ်တရတွေ ဖန်တီးချင်တယ် ။ ငါတို့အသက်တွေကြီးသွားတဲ့တနေ့ ဒီအကြောင်းတွေကို မင်းနဲ့အတူ လဖက်ရည်ကြမ်းသောက်ပြီး စားမြုံ့ပြန်ချင်တယ် ။ ငယ်ဘဝအမှတ်တရတွေဟာ ပိုက်ဆံပေးဝယ်လို့မရတဲ့ အဖိုးထိုက်ရတနာတွေမို့ အဲ့အရာတွေကို မင်းနဲ့အတူ ဖန်တီးချင်တယ် "

" Mia............ ငါ မင်းကို အပိုတွေပြောနေတယ်လို့ပဲ ထင်တယ် Kookie ......... ။ မင်းအကြောင်း ငါမသိရင်ခက်မယ် ။ ဒီယုန်မြင်လို့ ဒီခြုံထွင်မှန်းသိလို့ ငါတော့မင်းနဲ့အတူ မသွားနိုင်ဘူး "

" လုပ်ပါ ...... Tae ရာ ။ ဒီတစ်ခါတည်းပဲလေ .......... မင်းပါရင် ဂျူနီယာတွေနဲ့မကလို့ မူကြိုကလေးတွေနဲ့ဆိုရင်တောင် ငါက ကလေးကြီးလုပ်ပြီး မင်းနဲ့အတူ ပျော်ချင်လို့ပါ "

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Donde viven las historias. Descúbrelo ahora