Ep - 10

740 84 7
                                    




အချစ်က ဘာနဲ့တူလဲသိလား ။

အချစ်က လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်နဲ့တူတယ် ။ မလျှောက်တတ်လျှောက်တတ်အရွယ်မှာ ဟိုနေရာလည်းပြေးချင် ၊ ဒီနေရာလည်းပြေးချင် ၊ ဆွဲထားတဲ့လက်ကို မဆုတ်ကိုင်ဘဲ သူ့ကိုယ်သူ လမ်းကောင်းကောင်းလျှောက်နိုင်ပြီလို့ ထင်နေတာမျိုး ။ နောက်ဆုံးလဲကျတော့မှ ပွေ့ချီလာမယ့် လက်တစ်စုံကို ငိုယိုပြီး တောင်းခံတတ်ကျတယ် ။

ပင်လယ်ပြင်က လေတဖြူးဖြူးနဲ့ ချမ်းအေးလွန်းပေမယ့် Yoongi ရဲ့ ကိုယ်အနွေးဓာတ်ကြောင့် Jimin အိပ်ယာထဲကမထချင်တဲ့အထိ အနွေးဓာတ်ကို သဲ့ယူနေမိသည် ။ ခုချိန်မှာ ဒီရင်ဘတ်ကြီးက သူပိုင်ဆိုင်ခွင့်ရခဲ့လို့ ကြည်နူးစိတ်ဝင်မိပေမယ့် အနာဂတ်ကိုတွေးမိပြီးနောက် Jimin သည် သူမသိ မမြင်ရသေးသည့် တစ်ချိန်မှာ Yoongi ကိုပိုင်ဆိုင်ခွင့်ရမည့်သူကို ကြိုပြီး မနာလိုဖြစ်လိုက်မိသည် ။

တစ်ခဏအကြာတော့ သူ့ပါးမို့မို့ထက်မှာ အနမ်းနွေးနွေးတစ်ပွင့်ကျရောက်လာ၍ Jimin မျက်လုံးကိုအတင်းမှိတ်ထားပြီး အိပ်ချင်ဟန်ဆောင်နေလိုက်သည် ။ သို့ပေမယ့် တဖက်လူက ပါးမှာတင် ရပ်မသွားဘဲ မျက်ခွံမို့မို့ပေါ် အနမ်းနွေးနွေးက ဖွဖွလေးကျလာပြီးနောက် ၊ နာဖူးပြင်ထက်သာမက နှာတံစင်းစင်းလေးပါမကျန် Yoongi ဟာ Jimin မျက်နှာအနှံ့ကို နေရာလပ်မကျန် နမ်းရိူက်နေ၍ Jimin ဒီထက်ပို အိပ်ချင်ယောင်ဆောင်ပြီး နေလို့မရတော့ ။

Jimin အရင်ဆုံး မျက်လုံးဖွင့်လာပြီးနောက် Yoongi ကိုတစ်ချက်တွန်းဖယ်ကာ မျက်လုံးလှန်ကြည့်လိုက်သည် ။

" မိုးအရမ်းလင်းနေပြီပဲ ........ အိပ်လို့ကောင်းတာနဲ့ပဲ မိုးလင်းသွားမှန်းတောင် မသိလိုက်ဘူး "

သူ့ကိုယ်သူတော့ လုံလှပြီလို့ထင်နေပေမယ့် Yoongi က အကြံကြီးကြီးနဲ့ပင်ပြုံးလိုက်သည် ။

" အချိန်ကိုက်နိုးလာတာပဲ ........... ဒီထက်နောက်ကျပြီးမှနိုးလာရင် ကိုယ်နမ်းမှာ ဘေဘီရဲ့မျက်နှာမဟုတ်ဘဲ ....... ဟို .... နား ...."

Yoongi ၏ လက်ညိုးလေးက Jimin ၏ လည်တိုင်နဲ့ ရင်ဘတ်ဆီ ဖြေးဖြေးချင်းထိုးပြလိုက်တော့ Jimin လန့်အားတကြီးပင် လက်နှစ်ဖက်နဲ့ သူ့ရင်ဘတ်သူပြန်ကာထားလိုက်သည် ။ Jimin အမူအရာက ရှက်ရွံသွားတာမျိုးလဲမဟုတ် ၊ ကြောက်ရွံသွားတာမျိုးလဲ မဟုတ်ဘဲ ဒီအတိုင်း ခန္ဓာကိုယ်က အလိုအလျှောက်နောက်ဆုတ်သွားခြင်းဖြစ်သည် ။ ပြီးနောက်မှ အံသြတကြီးကြည့်နေတဲ့ Yoongi ကို တစ်ချက်ကြည့်ရင်း ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးကာ Jimin ရေချိုးခန်းထဲဝင်သွားလိုက်သည် ။

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Waar verhalen tot leven komen. Ontdek het nu