Ep - 15

751 85 9
                                    




ဆေးရုံဆိုတာ Yoongi နဲ့ရင်းနှီးသည့်နေရာတစ်ခုမဟုတ် ။ Jimin ကိုမတွေ့ရသေးပေမယ့် သူ ဒီနေရာမှာရှိနေတယ်ဆိုတဲ့အသိနဲ့တင် လူကရူးချင်သလိုဖြစ်နေပြီ ။ Yoongi ဟာ Jimin ရဲ့အခန်းဝမှာစောင့်နေခဲ့တာ နာရီဝက်နီးပါးရှိနေပြီ ။ လူနာရဲ့မိသားစုဝင်မဟုတ်လို့ အထဲဝင်ခွင့်မရတာကြောင့် Jimin သတိမလည်မချင်း Yoongi ထိုနေရာက တစ်ဖဝါးမှမရွေ့ ။ တခဏအကြာတော့ အခန်းထဲက ဆရာဝန်ပြန်ထွက်လာတာကိုမြင်တော့ Yoongi ထိုဆရာဝန်လက်ကို ပြေးဆွဲမိသွားသည် ။

" Doctor ........ Minie ...... Jiminie အခြေအနေဘယ်လိုလဲ ။ သူဘာဖြစ်သွားတာလဲ ကျွန်တော့်ကို တစ်ချက်ပြောပြပါဦး ။ ကျွန်တော် စိတ်ပူလွန်းလို့ ရူးတော့မယ် "

Yoongi ရဲ့အပူသည်မျက်နှာကိုမြင်တော့ ဆရာဝန်ပင် သူ့ကိုလူနာမိသားစုလို့တောင် အထင်မှားမိတော့မယ် ။

" အလုပ်တွေဆက်တိုက်လုပ်ခဲ့တာကြောင့် ပင်ပန်းပြီး သတိမေ့လဲသွားတာပါ ။ အလုပ်တွေခဏရပ်ထားပြီး ရက်ပိုင်းလောက် ပြည့်ပြည့်၀၀အနားယူဖို့ပဲလိုအပ်တာပါ ။ အရမ်းကြီးလည်း စိတ်မပူပါနဲ့ "

" Gomasamida,.... Gomasamida"

Yoongi ဟာ ခါးညွှတ်လျှက် ဆရာဝန်ကို အကြိမ်ကြိမ် ကျေးဇူးတင်မိသွားသည်။ ဘေဘီဘာမှမဖြစ်ဘူးလို့ဆိုတာလောက် ဝမ်းသာစရာကိစ္စမရှိတော့ ။ ဆရာဝန်တွေပြန်ထွက်သွားတာနဲ့သူအခန်းထဲဝင်သင့်မဝင်သင့် စဉ်းစားနေစဉ် Jimin ရဲ့ မန်နေဂျာဖြစ်သူထွက်လာပြီး Yoongi ကိုမြင်တော့ သက်ပြင်းရှည်ချပြီး စကားပြောလာသည် ။

" အထဲကိုဝင်သွားလိုက်ပါ ။ ကျွန်တော် အပြင်ကနေ media တွေကို စောင့်ကြည့်ပေးထားမှာမလို့ တစ်နာရီအတွင်း သူ့ကိုပြောချင်တဲ့စကားရှိရင် လွတ်လွတ်လပ်လပ်ပြောလိုက်ပါ "

Jimin ရဲ့မန်နေဂျာက သူ့ကိုများသိနေတာလားလို့ အံသြသွားပေမယ့် ပြန်လည်မေးမြန်းဖို့အချိန်မရှိတာမို့ အခွင့်ရေးရတုန်းလေး Yoongi အခန်းထဲကိုလျှင်မြန်စွာဝင်လာလိုက်သည် ။

ဆေးရုံကုတင်ထက်မှာ အိပ်မောကျနေတဲ့ ချစ်ရသူကို အမြတ်တနိုးငေးကြည့်ရင်း မတွေ့ထိရတာကြာပြီဖြစ်တဲ့ လက်ဖဝါးနုနုကို Yoongi မထိရက်မကိုင်ရက်စွာနဲ့ တို့ထိဆုပ်ကိုင်လိုက်မိသည် ။

Feel My Thundercloud   { Yoonmin }  Unicode Complete 👌💯Where stories live. Discover now