သူယခုထိတိုင်သည်းခံနိုင်သောအရာအချို့

225 39 2
                                    

အသစ်ရောက်လာသူမှာ Gu JianShen ဖြစ်သည်။

သူသူရဲ့ကျင့်ကြံရေးအဆင့်ကိုချုပ်တည်းသိမ်းဆည်းထားသော်လည်း သူ့ရဲ့အပြင်ပန်းရုပ်သွင်ပြင်ကတော့မပြောင်းလဲပေ ။ အို.....ပြောင်းသွားပါတယ်
သူ့ရဲ့ညို့ဓာတ်ပါတဲ့မျက်ဝန်းတွေကတော့ သန္ဓေပြောင်းလဲသွားပြီ ။

Shen QingXian  အတွက်ကတော့ အဲ့ဒီအရာကတော်တော်လေးအဆင်မပြေဖြစ်စေတယ် ။  သူလုပ်ဆောင်ရမယ်ဆိုတဲ့တာဝန်ဖြစ်တဲ့ ထိုသူရဲ့မျက်ဝန်းများအားချီးမွမ်းပါဆိုတဲ့ အရာကိုပြန်တွေးကြည့်
တော့ သူရုတ်တရက်ဆိုသလိုပိုပြီးစိတ်မကျေမနပ်ဖြစ်လာတယ် ။ သူ့ကိုချီးမွမ်းရမယ် အဲ့ဒါကလည်းအနည်းဆုံးသုံးခွန်းတောင် ?
ဟား ဟား  စကားလုံးတစ်လုံးတောင်မထွက်စေရဘူး !

ဒီအချိန်မှာတော့  Su Yu ကပိုပြီးသတိအနေအထားဖြင့်သူ့ရဲ့မဟူရာရောင်မျက်ဆံများက Gu JianShen ဆီထံတွင်သာ တည်ရှိလျက်ရှိနေပြီး
"ဘယ်သူလဲ ? "
တကယ်တော့ ကယ်တင်ရှင်တွေဆိုတာကအဆုံးမှာ
အများအကျိုးဆောင်ကိုယ်ကျိုးအောင်တွေမဟုတ်ကြဘူး !
ဟို ငနဲတွေဖြစ်တဲ့ Wang Yu, Li Sun  နဲ့တခြားသူတွေလိုမျိုးပဲဖြစ်နေနိုင်တယ်

Gu JianShen ပြုံးလိုက်ပြီးပြောင်တင်းစွာလိမ်လေ​၏ "ကလေး ကိုယ်က သခင်လေးကိုအကြိုဆိုပြုဖို့ရောက်လာတာ " ထိုစကားများပြောဆိုပြီးသွားနောက်သူရဲ့လက်ထဲရှိဖြူဖျော့ကောင်းမွန်သောအသားအရေရှိသည့်ကလေးငယ်အားစေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေး​၏

Su Yu ကအနည်းငယ်ကြောင်အသွားက "မင်းက Chao Yan ကိုကြိုဖို့ရောက်လာတယ် ?"

Shen QingXian: "..."
အဲ့ဒီဟာကစာကြောင်းတစ်ကြောင်းတည်းသို့သော်  Su Yu ကသူ့နာမည်ကိုသာ အာရုံစိုက်ထားတယ်

Gu JianShen ကလမ်းမပေါ်မှကုန်းစောင်းအတိုင်းဆင်ခြေလျှောဆင်းလျက် "အမှန်ပဲ "

Su Yu ဟာ Shen QingXian အားသူ့ရဲ့မက်မွန်ရောင်နှင့်အရည်ရွှမ်းသောမျက်ဝန်းများဖြင့် ပြောစရာစကားမရှိ ကြောင် အစွာဖြင့် ငေးကြည့်နေ​၏

Shen QingXian ဟာမည်သည့်အသံမှမပြု
သူကသူ့ရဲ့နောက်ရှိယောကျာ်းပျိုအားကြည့်လျက်
သူ့ဘယ်လိုပုံစံမျိုးနဲ့အရည်မရအဖတ်မရပေါက်ကရတွေလုပ်မလဲဆိုတာကို ဆက်လက်ပြီးစောင့်မျှော်နေတယ်

Want to ascend ? Then fall in love  (MM translation)Där berättelser lever. Upptäck nu