လရောင်တည်ခင်းလျှိုဝှက်လောက

224 35 2
                                    

Gu JianShen ရဲ့မျက်ဝန်းတွေကိုအမွှန်းတင်ရမယ် ? ရွှေအိုရောင်နဂါးကိုတောင်းယူရမယ် ?

အကယ်၍လူတစ်ဦးတစ်ယောက်သေဆုံးသွားမယ်ဆိုရင် သူတို့တွေအတွက်ကောင်းရာဘုံရောက်
အောင်ချီးကျုးရင်ချီးကျူးပေးနိုင်အုန်းမယ်.....

သူထိုအရာအားတွေးတောနေစဉ်မှာပဲ ကျောက်စိမ်းစာလိပ်သည်  သူ့ရဲ့နောက်ဆုံးသောအသက်ရှုသွင်းခြင်းကိုအကောင်းဆုံးပြုလုပ်ပြီး  စာကြောင်းတစ်ကြောင်းအလျင်အမြန်ထွက်လို့ပေါ်လာသည်။

"P.P.S: သူလုံးဝကိုအသက်ရှင်ရမယ် !!"

Shen QingXian သည်အလွန်နောင်တရလို့လာသည်။

ယခုအချိန်မှစတင်၍ Shen QingXian သည်ထိုတာဝန်နှစ်ခုအားပြီးဆုံးအောင်မလုပ်ချင်တော့ပေ။
သူတို့နှစ်ဦးသီးခြားဆီလမ်းခွဲပြီးသွားပြီးနောက်
Gu JianShen ရဲ့မျက်ဝန်းများအားအမွှန်းတင်ပြီး
သူ့ရဲ့ရွှေရောင်နဂါးအားတောင်းယူဖို့ရာအတွက်ပြန်သွားမယ်ဆိုရင် သူကို ရူးနေတဲ့သူ အဖြစ်မှတ်ယူသွားလိမ့်မည်ဖြစ်သည်။ သူအဲ့လိုမဖြစ်ချင်ပေ။

ဒီနောက်ဆုံးတာဝန်.....လရောင်တည်ခင်းသောလျှိုဝှက်လောက ကို ၅ရက်အတွင်းသွားရောက်ခြင်း ?
ဒါကိုသူအရင်လုပ်နိုင်တယ်

ဒါပင်မယ့် ဘယ်လျှိုဝှက်လောက ကလရောင်တည်ခင်းလျှို့ဝှက်လောကလ​ဲ ?

Shen QingXian ဒါကိုမသိတာမင်းတို့အပြစ်တင်လို့မရဘူး ဒါကကျင့်ကြံခြင်းလောကပဲ
အကယ်၍မင်း အဓိကမြေကို ကြည့်မယ်ဆိုရင်
မရေတွက်နိုင်အောင်များပြားလွန်းတဲ့လျှိုဝှက်လောကတွေအများကြီးရှိတယ် ပြီးတော့သေးငယ်တဲ့အရွယ်အစားပမာဏတွေကိုလည်းနေရာစုံမှာတွေ့နိုင်တယ် ။ အထူးတလည်မထင်ရှားနေတဲ့အရာတွေအတွက် Shen QingXian ဆိုတဲ့ ဒီအကြီးအကဲအတွက် ဘယ်လိုလုပ်မှတ်မိနိုင်မှာလဲ ?

Shen QingXian သည်သူ့​၏အံ့ဖွယ်ကောင်းလှသောအသိပညာကိုအသုံးပြုပြီး ၎င်း​၏တည်နေရာအားအတည်ပြုဖို့ရာအတွက်ဧရိယာတစ်လျှောက်လုံးအားဖယ်ရှားရှင်းလင်းနိုင်သောလည်းရုတ်ရုတ်သဲသဲများဖြစ်သွားနိုင်စေသည်။
ကျင့်ကြံခြင်းအနိမ့်ပိုင်းများမှလူများပါဖယ်ရှားခံလိုက်ရပါက သူတို့​၏စိတ်နှလုံးတွင်ထိခိုက်နစ်နာမှုများရှိသွားလိမ့်မည်။

Want to ascend ? Then fall in love  (MM translation)Where stories live. Discover now