အရမ်း အရမ်း အရမ်း ချစ်စရာကောင်းတယ်

356 38 6
                                    


ယခုအချိန်မှာတော့ ဒီအရာကတော်တော်တရားလွန်သွားပြီ ။

သူဒီနေ့တစ်နေ့လုံးပွေ့ဖက်ခြင်းခံနေရတာတောင်အဲ့ဒီအရာကဘာတာဝန်အသစ်မှမပေးလာဘူး ။ ထိုသူကသူ့အားလွှတ်လိုက်မှသာလျှင် သူကလုပ်ငန်းတာဝန်တွေကတန်းစီထွက်လာတယ် ။ ဒီကျောက်စိမ်းစာလိပ်ကတော့ကြည့်ရတာတကယ်သေချင်နေပြီထင်တယ် ။

ဒါပင်မယ့် အမှန်တိုင်းပြောရင် ကျောက်စိမ်းစာလိပ်မှာလည်း သူလုပ်နိုင်တဲ့အတိုင်းအတာပမာဏရှိတယ် ။ မှားယွင်းစွာစွပ်စွဲခံရတာပါ ..... အစောတုန်းက
၎င်းကအရမ်းကြောက်ရွံ့ပြီးသူလုပ်နိုင်တာထက်အင်အားအများကြီးသုံးမိသွားတယ် * သူမှာအား အနည်းငယ်တောင်ကျန်ရှိမနေတော့ဘူး အဲ့ဒါကိုဘယ်လိုလုပ်ပြီးသူကတာဝန်အသစ်ပေးအပ်နိုင်မှာလဲ
//Jade scroll : ငါ့အတွက် justice ဘယ်မလဲ (泣)

*reminder: chapter 6 မှာကျောက်စိမ်းစာလိပ် ၃ ခုတောင်တာဝန်ပေးပြီး p.s ,p.p.s တွေတောင်ပါပါတယ် 😹

အဆုံးမှာတော့ Shen QingXian က၎င်းရဲ့အဓိပ္ပာယ်မရှိတဲ့အရာတွေအပေါ်အရေးတယူပြုမနေတော့ဘူး

ဒါပင်မယ့်ဘယ်သူကများသူ့ကိုပြန်ပြောရဲမှာလဲ ? ပြောရဲရင်တောင် ကျောက်စိမ်းစာလိပ် မပါဘူး ။ သူကကျိုးကျိုးနွံနွံနဲ့သေချင်ယောင်ဆောင်ပြီး သူ့ရဲ့တည်ရှိမှုကိုမှုန်ဝါးသွားအောင်သာကြိုးပမ်းတော့သည်။

မိုးကောင်းကင်ပြာကတဖြည်းဖြည်းဖြင့်ဖြေးညှင်းစွာတောက်ပလာချိန်မှာတော့ အားလုံးနိုးထလို့လာကြတယ် ။

Su Yu က Shen QingXian အားအခေါ်ပြု​၏
"Chao Yan,  တစ်ခုခုစားပါအုန်း !"

တစ်ခုခုစားပါအုန်း ဟုသည့်စကားစုအားကြားလိုက်ရသည့်အချိန်၌ Shen QingXian ရဲ့မျက်ခုံးနှစ်ခုအကြားကြည့်ကောင်းသောနေရာသည်အနည်းငယ်တွန့်ချိုးသွားသည် ။

Su Yu ကသူ့အားချော့ယူကာ "စားပါနော် မင်းမစားဘူးဆိုရင် ဘယ်လိုလုပ်အားရှိလာမှာလဲ "
ပြောလည်းပြော သူ့ရဲ့QianKun အိတ်ထဲရှိစားဖွယ်ရာအစုံ တစ်ပုံတစ်ခေါင်း ထုတ်လေသည်။

Zeng ZiLiang ပြင်ပေးသည့်အစားအစာများသည်သိပ်အဆိုးကြီးမဟုတ်ပေ ။ ကျင့်ကြံရေးခရီးသွားများအတွက် ဒီအစားအစားများက ထိပ်တန်းအကောင်းဆုံးအမျိုးအစားအဖြစ်ပြောနိုင်သည်။

Want to ascend ? Then fall in love  (MM translation)حيث تعيش القصص. اكتشف الآن