နူးညံ့တဲ့တိမ်ကလကိုဖုံးကွယ်ထားတယ် နှင်းပွင့်တွေရဲ့လေကြောင့်လှုပ်ခတ်မှုနဲ့အတူ

317 50 3
                                    

အမည်းရောင်နှင့်မိုးပြာရောင်ဟာအတူတကွချိတ်ဆက်နေသလိုမျိုုးပဲ လူနှစ်ယောက်ကဒီလောက်ကွာဝေးနေတာတောင်အချင်းချင်းစူးစိုက်ငေးကြည့်နေလျက်ရှိတယ်

Shen QingXian က  Gu JiuYuan ရဲ့ရုပ်သွင်ကို
သူ့ရဲ့မှတ်ဉာဏ်ထဲတွင်ရှာကြည့်သော်လည်း
မရေမရာမှုန်ဝါးဝါးသာပင်ဖြစ်သည်

အဆုံးမှာတော့ ဆန်းကြယ်သောမီးသွေးပြာကုန်းမြေရဲ့လမ်းထက်မှာ နှင်းလိုဖြူစွတ်နေတဲ့အသားအရည်နှင့် ကျယ်ပြန့်သောပခုံးတွေရှိတဲ့ လူတစ်ယောက်က ကြက်သွေးရောင်ဝတ်ရုံကိုဝတ်ဆင်ထားတယ်
အဲ့ဒါကအနီပင့်ကူလီလီညဘက်မှာပွင့်နေသလိုမျိုးပဲ
သူကစိတ်ပျော်ရာပဲလုပ်တက်တဲ့ ဝင့်ကြွားတက်တဲ့
နတ်ဆိုးပုံစံနှင့်အလားသဏ္ဍာန်ဆင်တူနေသည်

သူတို့နှစ်ယောက်စလုံးနေရာလှမ်းလှမ်းမှာရှိနေသော်လည်း Shen QingXian  က ထူးခြားလှပတဲ့ ပတ္တမြားနဲ့အသွင်တူတဲ့တပည့်များကို
သတိပြုမှုသည်

သူသူ့ကိုကြည့်နေချိန်တွင်တစ်ခြားသောအုပ်စုအဖွဲ့များကလည်းသူ့ထံတွင်သာအာရုံထားနေသည်

တိမ်တိုက်တွေကနူးညံ့နေချိန်တွင်လေပြေအေးတွေ
ဖြေးညှင်းစွာတိုက်ခတ်နေတယ်
ဒါပင်မယ့်သူရဲ့ဇွဲ့လုံ့လကတော့အေးအေးလူလူနှင့်ရေးဖွဲ့သီကုံးထားသည်

Shen QingXian ရှေ့သို့အနည်းငယ်တိုးလျက်
ကောင်းကင်လမ်းကြောင်းရှိသူတပည့်တွေကလည်း
တိုက်ပွဲအတွက်အဆင်သင့်ဖြစ်လို့နေသည်

Zeng ZiLiang, Ye Zhan နှင့်အခြားသောကျန်ရှိနေသူတွေကလည်း ဒီမြင်ကွင်းအားအသက်တောင်မရှုဝံ့ဘဲအာရုံစူးစိုက်စွာစောင့်ကြည့်စစ်ဆေးနေသည်
ကြီးမားသောရင်ဆိုင်တိုက်ခိုက်မှုကအချိန်မရွေးဆိုသလိုဖြစ်လာနိုင်သလိုမျိုးပဲ
ထိုအရာကိုသာစောင့်ကြည့်လို့နေသည်!

ရုတ်တရက်ဆိုသလိုပဲ နှင်းဆီရနံ့ရေနွေးငွေ့သည်
ထိပ်ပိုင်းမှနေ၍ပျံ့နှံ့လိုလာသည်
သိပ်မကြာခင်မှာပဲ အလွန်ထူးခြားသောအနံ့များကလည်းလေနှင့်အတူပါလာလေသည်
ထိုရနံ့ကအားလုံးကိုဒွိဟဖြစ်သွားစေတယ်
ထိုအရာက
သူတို့​၏အနက်ရှိုင်းဆုံးသောလိုအင်ဆန္ဒများနှင့်
ကြည်နူးဖွယ်ကောင်းဆုံးသောအိပ်မက်တွေကိုဖြည့်စည်းပေးနိုင်သည့်
အားလုံးရဲ့နှလုံးသားထဲရှိအလိုချင်အတောင့်တဆုံး
ရနံ့ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်သည်

Want to ascend ? Then fall in love  (MM translation)Where stories live. Discover now