အမတများ​၏တိုက်ပွဲ(အပြန်အလှန်ကျီစယ်ခြင်း)

254 41 4
                                    

ကျစ်လျစ်သေးသွယ်စွာဖြင့်လက်ကိုင်သည်ကျောက်စိမ်းကရားအားဆက်သွယ်ထားပြီး
ကြည်လင်လက်ဆတ်လို့နေ​၏

Gu JianShen ကသူ့ရဲ့ခန္ဓာကိုယ်အားအနည်းငယ်
စောင်းငဲ့လိုက်သဖြင့် အမည်းရောင်အဆင်သည်
သူ့ရဲ့တဖျက်ဖျက်လှုပ်ခါလို့နေတဲ့ကြက်သွေးရောင်
အင်္ကျီလက်ပေါ်၌လင်းလက်ပျိုးပြလို့နေ​၏
ကောင်းမွန်လှသောဝိုင်အရက်ကိုငှဲ့လျက်
အနီးကပ်သေချာကြည့်မယ်ဆိုရင်ဖြင့်
ရှုမောဖွယ်ရာခမ်းနားထည်ဝါမှုထက်ကျော်လွန်၍
နှိုင်းယှဉ်ပြောရမယ်ဆိုရင်နဂါးငွေ့တန်းဖျော့ဖျော့လေးလို

Shen QingXian သည်ယဉ်ကျေးစွာဖြင့်ခေါင်းငြိမ့်လျက် " ကျေးဇူး အများကြီး"

Gu JianShen ရဲ့နှုတ်ခမ်းများကမြင့်တက်လျက်
သူ့ရဲ့အပြုံးများဟာဆိုရင်ဖြင့်အခုတည်ရှိနေသော
နန်းဆောင်းခန်းမတစ်ခုလုံးတွင်ရှိရေးရေးမျှသာရှိတဲ့မှုန်ဝါးတဲ့မြူခိုးများအားနွေးထွေးစေသည်
"ကျေးဇူးပြု၍"

Shen QingXian ဟာဝိုင်ခွက်အားလက်ခံပြီး
တစ်ငုံစာမျှသောက်လိုက်သည်
သူ့ရဲ့အမှုအရာမှာကျော့ရှင်းပြီးသန့်စင်​၏
အရည်အားပင့်မြှောက်လိုက်ပုံမှာ
လူတွေအားမှုးယစ်စေသောမကောင်းမှုအရာမဟုတ်သလိုမျိုး သို့သော် ခံညားသိက္ခာရှိမှု ၊ အလေးအမြတ်ထားမှု နှင့် နူးညံ့သိမ်မွေ့သော လမ်းကြောင်း ရဲ့ထုံးတမ်းအစဉ်အလာမဟုတ်ပေ

ပြန်ပြောရမယ်ဆိုရင်ဖြင့် ထိုအရာသည်တကယ့်ဝိုင်အရက်ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည်ပါးလျပြီးဝိုးတဝါးမပြတ်
သားသောအဝတ်ပါးဖြင့်လွှမ်းအုပ်ပိတ်ဖုံးထား​ဖြင်းခံရသည်
ထိုအဝတ်ပါးစကိုဆုတ်ဖြဲပစ်လိုက်သည့် သဘောမျိုးပင်ဖြစ်သည်။

Gu JianShen ရဲ့အပြုံးဟာပိုနက်ရှိုင်းသွား​၏
Shen QingXian သူ့ရဲ့ခွက်အားချလိုက်ချိန်မှာတော့သူ့ဟာထပ်ဖြည့်ရင်း
"ကြီးမြတ်သောအရှင် ဘယ်လိုထင်လဲ ?
အရသာတွေ့ပါရဲ့လား ?"

Shen QingXian ကပြန်ဖြေ​၏
"အာဟာရဖြစ်စေတဲ့ကျောက်စိမ်းဝိုင်နှင်းစက်
အနံပါကြွယ်ဝပြီးသန့်စင်လွန်းပါတယ် "

Gu JianShen ဟာသေရည်အားထည့်ရင်းပင်
"အရှင်ကကျွန်တော့်ကိုမြှောက်ပြောနေပြန်ပါပြီ"

Want to ascend ? Then fall in love  (MM translation)Where stories live. Discover now