ကြီးမြတ်သောအရှင်သခင်

1.7K 91 6
                                    

ကျင့်ကြံခြင်းလောက၌ ဂုဏ်သရေရှိအရှင်သခင် Lianhua သည်အခြေခံအားဖြင့် နတ်ဘုရားဆိုသောစကားလုံးနှင့်စာကြောင်းတူအသံကွဲသောစကားလုံးဖြစ်သည်

အရှင့်ရဲ့ပထမဆုံးသောတပည့်တွေကကျက်သရေရှိသူတော်စင်သုံးဦးအဖြစ်ကျော်ကြားကြောင်းကိုမဖော်ပြခင်
အရှင့်ရဲ့မြေးမြစ်တပည့်တွေကကျင့်ကြံခြင်းလောကရဲ့အလုံးစုံသောကြီးမြတ်သောဂိုဏ်း ၆ ဂိုဏ်းကိုအုပ်စ်ိုးတဲ့အကြီးအကဲတွေဖြစ်ကြောင်းထပ်မဖော်ပြခင်
အရှင့်ရဲ့အိမ်ဝိုင်းမှာရှိတဲ့အမှိုက်တွေကိုလှဲကျင်းပေးတဲ့အနိမ့်ကျဆုံးသောအစေခံတောင်အခုဉာဏ်အကောင်းဆုံးနဲ့ ဂိုဏ်းဂဏအသီးသိးရဲ့ထိပ်သီးအကောင်းဆုံးသောခေါင်းဆောင်တွေဖြစ်တယ်
ကြီးမြတ်သောအရှင်သခင် Lianhua လက်နဲ့တွေ့ထိလိုက်သမျှအရာအားလုံး ပန်းတစ်ပွင့် သာမက ရွက်ချွန်း(မြက်ပင်တစ်မျိုး) တောင်မှ ကောင်းမွန်သောကံတွေနှင့်အထူးကောင်းချီးပေးခံရလိမ့်မည် အရာအားလုံး​၏အစဖြစ်သော သဘာဝလွန်ဖြစ်သောအစွမ်းသတ္တိပါရရှိနိုင်သောလမ်းကြောင်းကိုပါဝင်နိုင်စွမ်းရှိသည်
(Dao - the origin and source of all things )
ဟုတ်ပြီ ဒီလောက်ဆိုလုံလောက်ပြီ ကြီးမြတ်တဲ့အရှင်သခင်ရဲ့တည်ရှိမှုကအလွန့်ကိုကြီးမြတ်ကြောင်း မင်းတို့တွေဒီလောက်ဆိုသိကြမယ်ထင်တယ်

အခုဒီအချိန်မှာတော့ လက်ညိုးတစ်ချောင်းနဲ့တင်သုံးလောကကိုကြောက်ရွံတုန်လှုပ်နိုင်စေတဲ့အရှင်သခင် LianHua ကဒုက္ခရောက်နေပြီ!!

ကျင့်ကြံခြင်းလောကရဲ့နှစ်ရာချီတံခါးပိတ်ထားမှုအပြီး
အရှင်သခင်ဟာကောင်းကင်ရဲ့ဆန္ဒကိုသတိထားမိတဲ့အချိန်မှာတော့ ကောင်းကင်သို့တက်လှမ်းခြင်းကနဂိုကတည်းကအရှင့်ရဲ့မျက်စိအောက်မှာပဲလို့ထင်ခဲ့တယ် ဒါပင်မယ့် အရှင်တစ်ခါမှတောင်စိတ်မကူးဖူးတဲ့ဒီမြင်ကွင်းကိုမြင်ရလိမ့်မယ့်လို့မထင်ထားခဲ့ဘူး...

​တိမ်တိုက်တွေကြားထဲ၌ နေဝင်ချိန်နေမင်ကြီးရဲ့ခုနှစ်ရောင်ချည်သောရောင်ချည်ဖြာမှုတွေကကောင်းကင်တစ်ခွင်မှာဖုံးလွှမ်းနေတယ်
ကောင်းကင်လှေကားရဲ့ပြိုကျမှုကကြယ်တွေ
အဖြစ်ပြောင်းသွားစေပြီး ဟိုတစ်စဒီတစ်စနှင့်ဟိုဟိုဒီဒီဦးတည်ရာပေါင်းစုံက်ိုကြွေကြနေပေသည် ။
မှိန်ပြပြဖြင့်တလက်လက်တောက်ပနေပုံမှာ တောထဲ၌တည်ရှိနေသော ပိုးစုန်းကြူးလေးများနှင့် ဆင်တူနေပြီး ထိုသို့ပျော့ညံအားနည်းလှပုံမှာ တစ်စုံတစ်ဦး​၏နှလုံးသားအားလွှမ်းမိုးစေနိုင်သကဲ့သို့ဖြစ်နေသည် ။

Want to ascend ? Then fall in love  (MM translation)Where stories live. Discover now