အေးလား ငါတော့နည်းနည်းအေးတယ်

545 48 9
                                    


Shen QingXian ကငေးမောစွာကြည့်လျှက်

အကွာအဝေးမနီးလွန်းမဝေးလွန်းစွာဖြင့်ရပ်လျှက် ထိုမျက်လုံးတစ်စုံအားကြည့်ရခြင်းသည်မှာ မရေတွက်နိုင်သော ၊ များပြားသောတောင်များ​၏အောက်ခြေ၌ရပ်နေရသကဲ့သို့ပင်

နီဆွေးသောနေဝင်ချိန်သည်မိုးကုပ်စက်ဝိုင်းပေါ်၌
ပုံရိပ်ထင်လို့နေ​သည်။  မီးကဲ့သို့ရဲရဲတောက်နေသောအနီရောင် မေပယ်ရွက်များက ကန်ရေပြင်အား အလင်းရောင်ပေးနေပြီး၎င်းကန်ငယ်ထဲ၌နှစ်မြုပ်နေ​၏ ကြည့်ရသည်မှာ အလွန်တင့်တယ်ပြီးခမ်းနားလှသည်။

(ကဗျာသဘောနဲ့ရေးထားတာဖြစ်ပြီး
GJS's ရဲ့အနီရောင်မျက်လုံးတွေက နေဝင်ချိန်နဲ့တူပြီး မေပယ်ရွက်နဲ့တူတယ်လို့တင်စားပြောတာပါ
SQX က GJS ရဲ့မျက်ဝန်းတွေကြားနစ်မြုပ်နေတယ်ဆိုတဲ့သဘောပါ သူလေးက သူ့မျက်လုံးတွေကိုအားကြီးခိုက်😹)

တဒင်္ဂမျှကြာအောင် အံ့ဩမှင်သက်နေပြီး
Shen QingXian ကသူ့အားမေး​၏ "တစ်ယောက်ယောက်ကမင်းမျက်လုံးတွေကိုအမွှမ်းတင်ဖူးလား "

Gu JianShen ရဲ့မျက်ခုံးများကအနည်းငယ်ပင့်လျှက် ထို့နောက်မှာတော့ သူ့ရဲ့ပါးလျသောနှုတ်ခမ်းများကမြှင့်တက်လာပြီး နောက်ပြောင်စွာဖြင့် အမေးသဘောနဲ့အဖြေပြု​၏ " ကျွန်တော့်ကိုမျက်နှာချင်းဆိုင်ဒီလိုမျိုးကြည့်ရဲတဲ့သူရောရှိပါ့မလား "

ဒါကအမှန်ပဲ.....ကောင်းကင်ဘုံလမ်းကြောင်းတစ်ခုလုံးမှာရှိတဲ့သူတွေက
Shen QingXian ကိုစေ့စေ့ကြည့်ဖို့မရဲကြဘူး အဲ့လိုပဲနှလုံးသားပိုင်နက်တစ်ခုလုံးကသူတွေရယ်ပြီးတော့ကောင်းကင်ဘုံလမ်းကြောင်းကလူတွေတောင်
Gu JianShen ကိုမကြည့်ရဲကြဘူး ။

သူရဲ့မကောင်းတဲ့ဂုဏ်သတင်းကြောင့်ဆိုတာကိုဘေးဖယ်ထား
အကယ်၍သူကသာနှစ်လိုဖွယ်ကောင်းပြီးချစ်စရာကောင်းကောင်းနဲ့မွေးဖွားလာမယ်ဆိုရင်တောင်မှ
သူ့ရဲ့အလှတရားက သွေးကိုစုဆောင်းပြီး ပြုစုပျိုးထောင်ပြီးကြီးပြင်းလာရသလိုမျိုးပဲ ။

အနီရောင်မျက်ဝန်းတွေဆိုတာ မကောင်းတဲ့နိမိတ်လက္ခဏာလို့ ကောင်းကင်ဘုံလမ်းကြောင်းကလူတွေကမှတ်ယူကြတယ် ။ အာ့ကြောင့်သူ လရောင်
သက်ဆင်းလျှို့ဝှက်လောကကို မျက်လုံးအရောင်ချိန်းပြီးလာရတာဖြစ်တယ် ။

Want to ascend ? Then fall in love  (MM translation)Όπου ζουν οι ιστορίες. Ανακάλυψε τώρα