မကောင်းဆိုးဝါးဧကရာဇ်အားထပ်ခါထပ်ခါအရှက်ခွဲခြင်း(ဆွဲဆောင်ခြင်း)

253 38 0
                                    

အရင်တုန်းက Shen QingXian  ဆိုကြိုတင်အစီအစဉ်ဆွဲထားမှာဖြစ်တယ်
ဒါပင်မယ့် ယခုအချိန်မှာတော့
အကယ်၍သူကထောင်ခြောက်ဆင်ဖို့တယွယွဖြစ်
နေရင်တောင်မှ "၄ ။ မင်းGu JianShen ကိုသတ်ဖို့မရည်ရွယ်ရဘူး " ဆိုတဲ့ကျောက်စိမ်းစာလိပ်ပါအကြောင်းအရာကြောင့် ၊
ထိုအရာကအခုထိတိုင်အောင်မှေးမိန်ခြင်းမရှိသေးဘဲ တောက်ပနေဆဲဖြစ်နေသည်။ ထို့ကြောင့်
သူ့တွင်လုပ်နိုင်စွမ်းမရှိပေ ။

ထို့အပြင်ကို အလေးအနက်သေချာစဉ်းစားကြည့်မယ်ဆိုရင် ယခုအချိန်၌သူ့တွင် Gu JianShen အားထိခိုက်အောင်ပြုဖို့ဆန္ဒမရှိပေ ။

ထို့ကြောင့် သူ့ရဲ့နှုတ်ခမ်းပေါ်တွင် တမ်းတမ်းဆွဲထားသည့် သူ့​၏အပြုံးသည် သန့်ရှင်းစင်ကြယ်ပြီး
စန္ဒာလမင်းက ကောင်းကင်ကြီးမှာလှပစွာထွန်းလင်းနေသလိုမျိုး
"အရှင်မင်းကြီး အဆုံးမရှိသောအသက်ရှည်ခြင်းမှာပျော်မွေ့နိုင်ပါစေ"

ဝန်ခံရမည်ဆိုရင် ဒီဒေသယိစကားသည် ယုတ်မာဆိုးညစ်မှုတွင်သုံးသောဥပစာစကားဖြစ်သည်။
သို့သော်ငြားလည်း လောကီရေးရာတွင်မှု
တစ်ယောက်ယောက်အားအသက်ရှည်ဖို့ဆုတောင်းပေးခြင်းသည်ကောင်းချီးစကားဖြစ်ပြီး
ကျင့်ကြံခြင်းနယ်နိမိတ်တွင်တော့
သာမာန်လူကိုနှစ် ၆၀ နေနိုင်ဖို့ရာအတွက်ဆုတောင်းပေးနေသလိုမျိုး  နှုတ်ဖြင့်ပြောနေစရာမလိုသောအကြောင်းအရာဖြစ်သည် ။
သူတို့က နှစ် ၆၀ လောက်နေထိုင်ရမည်မှာ
​လုံးဝသေချာပေါက်ဖြစ်သည် !

ကံကောင်းစွာဖြင့် Gu JianShen ကထိုအရာပေါ်၌ငြင်းခုံခြင်းအလျင်းမပြုဘဲ သဘောကျနေသလိုမျိုး "ကျွန်တော်လည်းယုံကြည်ပါတယ် "

Shen QingXian ရဲ့စကားလုံးတွေက သတ်ဖို့ရည်ရွယ်ချက်တွေနှင့်နစ်မဝင်နေသမျှသူကကျေနပ်နေသည် ။

Shen QingXian ကသူအားတစ်ချက်ကြည့်မိသည်။
နှလုံးသားပိုက်နက်ရဲ့ကောလာဟလအဆိုရ
ဒီမိစ္ဆာဘုရင်ကပြဿနာတွေကိုတော်တော်လေးအကြင်နာမဲ့စွာနဲ့ကိုင်တွယ်တယ် ။
သူရဲ့အလုပ်လုပ်ပုံကစည်းကမ်းမဲ့ပြီး
သူ့ရဲ့ရည်မှန်းချက်တွေကို တရားမျှတတဲ့နည်းစနစ်
ဒါမှမဟုတ်ဆိုးရွာတာနဲ့ပဲဖြစ်ဖြစ် ကြိုးပမ်းရယူစေတယ်။ ပြီးတော့သူကရက်စက်ပြီး တစ်ဦးတည်း
ခေါင်းမာနေသည့်စရိုက်နဲ့လူဖြစ်သည် ။

Want to ascend ? Then fall in love  (MM translation)Where stories live. Discover now