🤍 အပိုင်း 18 🤍

15.8K 481 0
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 18 🤍

နွမ်းလျပြီး ပင်ပန်းပုံပေါ်နေသည့် ကိုကို့ မျက်နှာ အနေအထားကြောင့် ခခ အသင့်ဖျော်ထားသည့် ရေခဲသေတ္တာထဲမှ သံပုရာရည်ခွက်လေးထုတ်ပြီး အခန်းထဲယူလာလိုက်သည်......

အရင်က ခုတင်မရှိပေမယ့် ခခကိုယ်၀န် လရင့်လာသည်နှင့်အမျှ အထိုင်အထ စိတ်မချဘူးဟုဆိုကာ ခုတင်တစ်လုံးကို ရပ်ကွက်ထဲက လက်သမားဆရာကြီးနဲ့ပဲ အပ်ကာလုပ်လိုက်သည်မို့ ခခတို့အခန်း
ကျဥ်းလေးထဲ ခုတင်ကြီးက တော်တော်နေရာ ယူသွားသည် .....

တစ်ခုရှိတာက အရင်လို အိပ်ရာခင်း အိပ်ရာသိမ်း မလုပ်ရတော့တာမို့ တော်တော်လေး သက်သာသည် ......

ကိုကိုက ခုတင်ပေါ်ကန့်လန့်ဖြတ် လှဲနေပြီး နဖူးပေါ်လက်တင်ထားသည် .....

ခခ ကိုကို့ဘေး တင်ပါးလွှဲလေး၀င်ထိုင်ပြီး
ကိုကို့ရင်ဘတ်ပေါ် လက်ကလေးတင်ကာ

"ကိုကို အရမ်းပင်ပန်းလာလားဟင် "

ကိုကိုက ခခအသံကြားမှ မျက်လုံးဖွင့်
ကြည့်သည် .... ပြီးတော့ အင်း ဆိုပြီး သံရှည်ဆွဲကာ ထထိုင်သည်.....

"သံပုရာရည်လေး သောက်လိုက်ဦး
ကိုကို .... အရမ်းပင်ပန်းနေပြီလားဟင် "

ကိုကို ပြောမအားသေးဘဲ ခခယူလာသည့် သံပုရာရည်ကို တစ်ကျိုက်ထဲ ကုန်အောင်မော့သောက်နေသည် ......

"အား.... မိန်းမဖျော်ပေးတဲ့ သံပုရာရည်လေး သောက်လိုက်ရတာ ရင်ထဲကို အေးသွားပြီး လုံး၀ကို လန်းဆန်းသွားတာပဲကွာ ..... ရှင်မတောင် သနပ်ခါးလေးလူးထားတဲ့ ဒီပါးဖောင်းဖောင်း လေးတွေကို နမ်းလိုက်ရရင် သေချာပြီ .... အမောတွေအားလုံးပြေသွားတော့မှာ "

ကိုကို ပြောနေရင်းနဲ့ပဲ ခခကိုယ်လုံးလေးကို ဆွဲဖက်ပြီး ပါးနှစ်ဖက်လုံးကို အားရအောင် မွှေးကြူသည် ......

"အသားလေးတွေ အေးနေတာပဲ .... အခုမှ ရေချိုးထားတာလား ခခ "

လက်မောင်း ပြည့်ပြည့်လေးတွေကို မိုးစျေ ကိုင်ပြီး မေးလိုက်တော့ ခခလေးက ခေါင်းခါပြသည် .....

🤍 Unrequited Love Means 🤍Where stories live. Discover now