🤍 အပိုင်း 19 🤍

16.5K 451 1
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 19 🤍

အနှီးထုပ်လေးတွေ ကိုယ်စီနှင့် ရှိနေကြသည့် ရင်ခွင်ထဲမှ သားနဲ့ သမီးကို ကြည့်နေရင်းနဲ့ ခခ ကြည်နူးမျက်ရည်၀ဲရသည် ......

ဘ၀မှာ တစ်ခါမှ မခံစားဖူးတဲ့ နာကျင်မှုမျိုးနဲ့ နာလိုက်ရတာဆိုတာ အသက်ရှူ
တောင်ရပ်မတတ် .... ထူးဆန်းဖို့ ကောင်းတာတစ်ခုက ဒီကလေးလေး၂ယောက်ရဲ့ မျက်နှာလေးတွေ မြင်လိုက်ရသည်နှင့် နာကျင်မှုတွေ အားလုံး
ယူပစ်သလို ပျောက်သွားရသည်ပင်......

အမေကတော့ ပြောသည် .... သားလေးက ကိုကိုမွေးတုန်းကနဲ့ တစ်ပုံစံထဲပဲတဲ့ .... သမီးလေးကတော့ ခခနှင့် တူတာဖြစ်ရမည် .....

မောင်နှမ၂ယောက်လုံး မျက်နှာလေးတွေ ပန်းရောင်သမ်းနေကြပြီး နည်းနည်းလေးကြီးလာတာနဲ့ အသားဘယ်လောက်ဖြူလာကြမလဲဆိုတာ မပြောတတ် .....

ကိုကို့ကို မော့ကြည့်တော့ ကိုကိုက ခခတို့ သားအမိတွေကို ပြုံးကြည့်နေသည် ....

ဖေဖေက မလှမ်းမကမ်းမှာထိုင်နေပြီး
အမေနဲ့ ကြီးကြီးကတော့ စကားလက်ဆုံ ကျနေကြသည် ......

ကိုကြီးဝေနဲ့ မိုးစွေက ခုဏလေးတင်မှ ရောက်လာကြပြီး အခုတော့ လူကြီးတွေ
စားဖို့အတွက် ဆေးရုံအောက်ဆုံးထပ်က စားသောက်ဆိုင်တွင် မုန့်ဆင်း၀ယ်နေကြသည် .....

ကိုကိုက ချစ်ရည်ရွှန်းလဲ့နေသော မျက်၀န်းများဖြင့် ကြည့်နေပြီး ဖျတ်ခနဲဆိုသလို ခခနဖူးလေးအား ငုံ့နမ်းသည်.....

"ကိုကို့ မိန်းမ အရမ်းကို ပင်ပန်းသွားရပြီ .... ရှေ့လျှောက် ကိုကိုက ခခအပေါ်ကိုရော သားနဲ့ သမီးအပေါ်မှာပါ ခင်ပွန်းကောင်းတစ်ယောက် ဖခင်ကောင်း တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ကွာ .... "

ခခ ကိုကို့ကိုကြည့်ပြီး ခေါင်းလေးအသာညိတ်ပြလိုက်သည် ..... ချစ်ရတဲ့ ကိုကိုရော ၀မ်းနဲ့လွယ်မွေးထားရသည့် သားနဲ့သမီးရော မိသားစုတွေရော စုံစုံလင်လင်နှင့် ခခအနားမှာ အားလုံး ရှိနေကြသည့် ဒီအချိန်လေးက ခခဘ၀မှာ ဘာမှမလိုအပ်တော့လောက်အောင် ပြည့်စုံလွန်းလှသည်.....

🤍 Unrequited Love Means 🤍Where stories live. Discover now