🤍 အပိုင်း 5 🤍

15.8K 535 3
                                    

Unicode:

Unrequited Love Means~

🤍အပိုင်း 5🤍

Taxi ငှားပြီး ကိုကိုက ရှေ့ခန်းမှာထိုင်သည်.... ခခ နဲ့ ကိုကို တပည့်မလေး
၂ယောက်ကတော့ နောက်ခန်းမှာ .....

စစခြင်းကတော့ ချစ်ခြင်း နဲ့ လီလီ ဟူသော ထိုချစ်စရာ ကလေးမလေး ၂ယောက်မှာ ခခကို ရှိန်သလိုဖြစ်နေကြပေမယ့် အခုတော့လဲ ကားနောက်ခန်းမှာ ကောင်းကောင်းကြီး အဖွဲ့ကျနေကြပြီဖြစ်သည်......

ကိုကိုက ကလေးတွေပါတာမို့ ဆော့ရအောင်ဆိုပြီး မြို့ထဲမှ Game City ဖြစ်သည့် Alibaba Amusement အထိရောက်အောင် ကားကိုငှားလိုက်သည်.....

ဟိုရောက်တော့ ဆော့ဖို့ Coin လေးတွေ ၀ယ်ပြီးတာနဲ့ ကလေး၂ယောက်နဲ့ အတူ
ခခ တစ်မျိုးပြီးတစ်မျိုး ဆော့တော့သည်....ကိုကိုကတော့ နောက်မှာပဲ
နေပြီး ခခတို့ကို ကြည့်နေသည်......

ခခ Alibaba မရောက်ဖြစ်တာ နှစ်နဲ့ ချီပြီးကို ကြာနေပြီဖြစ်သည်.... အရင်ကတော့ သူငယ်ချင်းတွေနဲ့ ပိတ်ရက်ဆိုတာနဲ့ ခဏခဏရောက်ဖြစ်သည်.... ပြီးရင် မြို့ထဲမှာ ရုပ်ရှင်ကြည့် မုန့်ပတ်စားပြီးမှ အိမ်ကို ပြန်တာဖြစ်သည်....

မရောက်တာကြာပြီမို့ ရတောင့်ရခဲ ဒီ
အခွင့်အရေးလေးကို အသုံးချကာ ခခ စိတ်လွတ်ကိုယ်လွတ်ပျော်နေမိတာ ဘာမှ မသိတော့တဲ့အထိ .....

ကလေး၂ယောက်နဲ့အတူ အရုပ်ကောက်ရင်း စိတ်လွတ်ကိုယ်လွတ်ပျော်နေသည့်
ကောင်မလေးကို ကြည့်ရင်း မိုးစျေ နှုတ်ခမ်းတွေ ပြုံးယောင်သမ်းနေသည်.....

ခခကိုကြည့်နေရင်းနဲ့ တစ်ဆက်ထဲ ပတ်၀န်းကျင်ကို ဝေ့၀ဲကြည့်လိုက်သည့်
အခါမှာတော့ ပြုံးသယောင်ဖြစ်နေသည့် မိုးစျေ နှုတ်ခမ်းတွေဟာ အလိုလို တည်တင်းသွားရသည်.......

ကလေး၂ယောက်ကို ကြိုးစားပမ်းစား အရုပ်ကောက်ပေးနေသည့် ခခကိုကြည့်ပြီး တိုးတိုး တိုးတိုးနဲ့ ကပ်ပြောနေကြသည့် ကောင်လေးတစ်စု......

နောက်တော့ ထိုကောင်လေးတွေထဲမှ ကောင်လေးတစ်ယောက်ကို ခခဆီသွားရန် ကျန်တဲ့သူတွေက တွန်းပို့လိုက်ကြသည်......

ခခ ကလေး၂ယောက်အတွက် အရုပ်ကောက်ပေးပြီး သူမအတွက်ရအောင် အရုပ်ကောက်နေတုန်း ဘေးနားမှ လူတစ်ယောက်လာရပ်ပြီး စကားပြောသောကြောင့် အရုပ်ကောက်သည့်လက်တံလေးထဲမှ အရုပ်လေးဟာ ဘုတ်ခနဲဆိုသလို အောက်ကို ပြုတ်ကျသွားရသည်.......

🤍 Unrequited Love Means 🤍Where stories live. Discover now