🤍 ဇာတ်သိမ်းပိုင်း- 2 🤍

24.9K 586 6
                                    

Unicode:

Unrequited Love Means~

🤍 ဇာတ်သိမ်းပိုင်း 2 🤍

မိုးစျေ အိပ်နေသည့် သားနဲ့သမီးကို
တစိမ့်စိမ့် ပြုံးရင်း ကြည့်နေမိသည်....

သူနဲ့ ခခရဲ့  ချစ်ဖို့ကောင်းလိုက်သည့်
ရင်နှစ်သည်းခြာလေးတွေ ..... အိပ်နေတာတောင် ဘာလို့များအဲ့လောက်ထိ ချစ်ဖို့ ကောင်းနေရတာပါလိမ့် .....

အောက်ထပ်မှာတော့ မွေးနေ့ပွဲအတွက်
အားလုံး ပြင်ရဆင်ရနဲ့ အကုန်အလုပ်ရှုပ်နေကြပြီဖြစ်သည် .....

ဒီက ဇာတ်လိုက် မွေးနေ့ရှင် ၂ယောက်ကတော့ အိပ်လို့ကောင်းတုန်းပင် .......

သူတို့ မောင်နှမ၂ယောက်အိပ်နေသည့် ဘေးမှာပဲ မိုးစျေ လှဲအိပ်ချလိုက်တော့ သမီးက အစက ကျောပေးအိပ်နေရာကနေ မိုးစျေဘက်ကို ကိုယ်လေးလှည့်လာသည်.....

ပြီးတော့ လက်ဖောင်းဖောင်းလေးတွေနဲ့မျက်လုံးကို ပွတ်ပြီး ရုတ်တရက်ဆိုသလို
ငေါက်ခနဲ ထထိုင်သည် .....

မိုးစျေ သမီးအပြုအမူလေးကို သဘောကျလို့ တစ်ချက်ရယ်လိုက်မိပြီး သမီးကိုထိန်းပေးလိုက်ရသည်..... သမီးက သူ့ကို ကြောင်တောင်တောင်လေး ပြန်ကြည့်နေသည်......

"နိုးပြီလား မီးလေး "

သမီးက သူပြောတာကို အဖက်မလုပ်ဘဲ ဆတ်ခနဲဆိုသလို လှည့်သွားပြီး အိပ်နေသည့် သူ့အစ်ကိုဆီ လေးဖက်ထောက်သွားကာ သူ့အစ်ကိုရှေ့လေးမှာ ပြန်သွားလှဲနေသည် .....

"ဂျီဂျီလေးက ကိုကို နိုးမှာကို စောင့်နေတာလား ....  "

"ကာ.... ကု "

သမီးက ခေါင်းငြိမ့်ပြပြီး ကာကုဟုပြောသည်......ကာကုဆိုတာ ဘာလဲတော့ မိုးစျေ နားမလည်ပါ ..... သမီးပြောပုံအရဆို ဟုတ်တယ်လို့ ပြောတာပဲ ဖြစ်ရမည်....

မကြာပါဘူး သမီးနဲ့သူ အပြန်အလှန်ပြောနေသည့် စကားသံများကြောင့်ထင်သည်
သားပါ အိပ်ရာကနိုးလာရသည်....

သမီးက သူ့အစ်ကို အိပ်ရာက ထလာတော့
လက်ခုပ်လေးတီးပြီး ရယ်သည်......

"ကဲ မောင်နှမ၂ယောက်လုံး နိုးရင် ဖေဖေတို့ မေမေ့ဆီကို သွားကြမလား "

🤍 Unrequited Love Means 🤍Where stories live. Discover now