🤍 ဇာတ်သိမ်းပိုင်း-1 🤍

16.3K 432 0
                                    

Unicode:

Unrequited Love Means~

🤍 ဇာတ်သိမ်းပိုင်း 1 🤍

ဒီနေ့က ပြင်ဦးလွင်ကို သွားကြမည်ဖြစ်၍ ခခ မနက်စောစော နိုးလာခဲ့ရသည်....
တင်းကျပ်စွာ ပွေ့ဖက်ထားသည့် ကိုကို့ လက်တွေကြားမှ အသာအယာ ရုန်းထွက်ပြီး ကိုကို့ကို စောင်လေးပြန်ခြုံပေးခဲ့ကာ
အိပ်ရာထက်မှ ဆင်းပြီး ခြေသံဖွဖွနှင့် ကလေးတွေဆီသွားရသည် .....

အခုထဲက သားကိုဖြစ်ဖြစ် နှိုးပြီး အရင်ဆုံး ပြင်ဆင်ပေးရမည် ...... သမီးက သူအိပ်ရေးမ၀ရင် ဂျစ်တိုက်တတ်သည်မို့ သူ့ကိုတော့ အရင်ဆုံးသွားနှိုး၍ မဖြစ်ပါ .....

ခခတို့ ခုတင်နဲ့ ကလေးတွေ အိပ်နေသည့်ခုတင်လေးတွေက ခြေလှမ်း ၇လှမ်းမျှလောက်သာ ဝေးသည်......

သူတို့ ခေါင်းရင်းတွင်ရှိနေသော ညအိပ်မီး မှိန်မှိန်လေးကို ဖွင့်လိုက်တော့ သားက နိုးတောင်နိုးနေပြီဖြစ်သည် ..... မျက်၀န်း
အိမ် နက်နက်လေးတွေက ၀ိုင်းစက်နေပြီး
လက်လေး၂ဖက်နဲ့ သူ့ခြေမလေး သူကိုင်ကာ လျှောက်ကြည့်နေတာ ဖြစ်သည်.....

ခခကို တွေ့တော့ ရဲနေသည့် သွားဖုံးလေးတွေ ပေါ်သည်အထိ ရယ်ပြသည်....

အပေါ်အောက် ပေါက်နေသည့် သွားလေး နှစ်ချောင်းက အသက်ပါ .....

ခခတို့ အအိပ်ပျက်မှာစိုး၍ ထင်သည်
နိုးနေတာကို အသံမပေး ပဲ နေနေသည့် သားသားကို ခခ ဖြင့် ချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါ......

"အွန်း ..... မေမေ့သားလေးက နိုးနေတာ ကြာပြီလား ..... အမလေး ကိုယ့်ဘာသာ တစ်ယောက်ထဲ ဆော့နေတယ်
လိမ္မာလိုက်တာ ကြည့်ပါဦး "

ခခပွေ့ချီလိုက်တော့ ခခလည်ပင်းကို သူ့လက်ကလေးတွေနဲ့ ပြန်ဖက်လာသည်....
သားရဲ့ ပါးဖောင်းဖောင်းလေး နှစ်ဖက်လုံးကို အသည်းယားလွန်းလို့ ဆက်တိုက်ဆိုသလို ခခ နမ်းရှုံ့လိုက်သည်.....

သားက ခခနမ်းနေတာကို သဘောကျပြီး
တခစ်ခစ်ရယ်နေသည်.....

"ဘာလို့ အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ မေမေ့ကို ပြောဦး "

ခခ မေးလိုက်တော့ အူး၀ါး အူး၀ါး ဆိုပြီး ပြန်ပြောသည်.....  သူတို့ မောင်နှမ ၂ယောက်က စကားသာသေချာမပြောတတ်သေးတာ မအေနဲ့ ဖအေ မေးတာမှန်သမျှ နားမလည်နိုင်သော စကားတွေဖြင့် ပြန်ဖြေပြီးသား .....

🤍 Unrequited Love Means 🤍Where stories live. Discover now