အပိုင်း၂၀

6.1K 403 5
                                    

အဆုံးသတ်ဘဲ!
ကျွန်မဘ၀ရဲ့အမှတ်တရတစ်ချို့ကိုပြန်ကြည့်မယ်ဆိုရင် ဘယ်အရာကမှပျော်စရာဟုတ်မနေခဲ့ပြန်ဘူး။ ငယ်ငယ်ကတည်းကမိဘနှစ်ပါးလုံးဆုံးရှုံးရတယ် ဦးလေးအိမ်မှာ အဒေါ်မျက်နှာကြည့်နေရတယ်။ ချစ်စရာကောင်းတဲ့မောင်လေးရလာတာကတော့ချွင်းချက်ပေါ့။

‌‌ထိုကောင်လေးကိုသူမချစ်သည်။ "မမ မမ"ဆိုကာမျက်လုံးဝိုင်းလေးတွေနဲ့စိုက်ကြည့်တတ်တဲ့သူမမောင်လေး။အခုဆိုဘယ်လိုများနေမလိမ့်နော် မမမင်းကိုစိတ်ချပြီကွယ် မင်းအနာဂတ်ကိုမမစိတ်ချပြီ။ စာရေးဆရာကြီးဖြစ်အောင်လုပ်ပြီး မိန်းမကောင်းလေးကိုရှာယူရမယ်နော်ကောင်လေး လူကြီးတွေစိတ်ပျက်အောင်မလုပ်ရဘူး...

အတွေးစတို့ပျက်ကာ ရပ်နေရာမှထိုင်ချမိသည်။
ဆေးရုံကုတင်ဘေးက ပြတင်းပေါက်ကအလင်းရောင်ခပ်ပျပျသာ။
သူမအခြေအနေကနေ့လားညလားဖြစ်နေပြီမို့အနီးကပ်စောင့်ကြည့်ရန် ဆေးရုံတက်ရသည်။

မြည်နေတဲ့ဖုန်းကိုကြည့်မိစဉ် မျက်ရည်တို့အဆက်မပြတ်ကျလာရသည်။

အနွယ်အကို့ကိုချစ်တယ်...အကိုနဲ့တစ်သက်လုံးအတူနေချင်တယ် အနွယ်ထွက်သွားရမှာသိသိရက်နဲ့ အကို့ကို စာရွက်ပေါ်မှာ ပိုင်ဆိုင်နိုင်အောင်ကြိုးပမ်းမိတယ် အနွယ်မတရားမှန်းသိလို့ အကို့ကိုကွာရှင်းခဲ့တယ်အကို..အကို့ကိုလွတ်လပ်စေချင်ရုံပါ။

"ဖုန်းကိုင်ပါ"

Msgတစ်စောင်ကိုလဲလျစ်လျူရှုမိပြန်သည်။
‌ဒီဆေးရုံအခန်းလေးထဲမှာသူမပျောက်ကွယ်ရမဲ့အချိန်ကိုထိုင်စောင့်ရုံပေါ့

စက္ကန့်ပိုင်းအကြာနောက်ထပ်၀င်လာသောဖုန်းcallကိုကြည့်မိစဉ်...သူမမောင်လေးကိုတော့ပစ်မထားနိုင်။တနေ့လုံးခေါ်နေကြတဲ့ဖုန်းတွေအကုန်သူမလျစ်လျူရှုနိုင်သည်။

"ဟယ်လို "

"မမအခုဘယ်ဆေးရုံမှာလဲ"

တိကျလွန်းလိုက်တယမော်ကွန်းရယ် ...

"မင်းမလာရဘူး"

"မမ!!"

လေသံမာမာတောင်မပြောဖူးသူမောင်လေးကသူမကိုအော်ခဲ့သည်ဘဲ...

ဦး❤️ COMPLETE Where stories live. Discover now