အပိုင်း ၂၅

5.2K 394 18
                                    

အမှားကိုသိပြီးအမှန်ပြန်ပြင်နိုင်တာကလူတော်ရဲ့လုပ်ရပ်ဘဲတဲ့...ဦးရယ် ကျွန်တော်ကအတော့်ကိုဆိုးပါတယ် ကိုယ့်ကိုကိုယ်ရင့်ကျက်လှပြီထင်ပြီး သတ္တိကြောင်ခဲ့တာတွေ၊ ဦးဘက်ကိုမစဉ်းစားပေးခဲ့တာတွေ ကျွန်တော်နောင်တရလွန်းပါတယ် ဦးကိုပြန်တောင်းပန်ပါ့မယ်

ငိုယိုကာဖေဖေနှင့်မေမေကြားမှာဘဲအိပ်ပျော်သွားရသည်။မနက်လင်းတော့ မေမေရော ဖေဖေရော အနားမရှိတော့ ငယ်ငယ်ကလို ငိုချင်ချင်ဖြစ်လာသည်။

"မေမေ ဖေဖေ"

သူရဲ့ပိစိ‌ကွေးသေးအသံကဖေဖေကြားဖို့မလုံလောက်ဘူးထင်သည်။

"ဖေဖေရေ!! မေမေ့လို့!!"

အနည်းငယ်ပိုကျယ်လောင်စွာ အောင်လိုက်တော့ဖေဖေကအရင်၀င်လာသည်။ နောက်မှမေမေက၀င်လာကာပြုံးကာဆိုသည်။

"သားကတော့ ချစ်ကြချစ်တတ်တယ် ကလေးစိတ်ကမပျောက်သေးဘူး"

"ဟားဟား"

မေမေကပြောကာဖေဖေကရယ်သည်မို့ မော်ကွန်းလဲရှက်ကာ ဂျစ်တိုက်နေသည်။

"မရယ်နဲ့လို့ ဖေဖေ့"

"ကဲ မောင်ရသဆီမသွားချင်ဘူးလား အသင်မင်းသားပေါက်စရေ"

"သွားချင်ပါဘိ ခမည်းတော်"ဟုပြန်ပြောတော့ ဖေဖေကရယ်ကာ ခေါင်းလေးဖွဖွပုတ်သည်။

"ရေချိုးတော့ခွေးပေါက်"

"မှန်ပါ့"

မော်ကွန်ူလဲရေချိုးကာပုဆိုးနက်ပြာကွက်လေးနှင့်တီရှပ်ခေါင်းစွပ်အဖြူခပ်ပွပွလေးကို တွဲဖက်၀တ်ဆင်တော့ ပုလုံးလုံးလေးနှင့်ကြည်ရှင်းနေသည်။ အေးအေးချမ်းချမ်းမျက်နှာလေးနှင့် ပြုံးလိုက်တိုင်းငေးချင်စရာကောင်းတဲ့မော်ကွန်းဟာချောမောသည်ထက်ကိုပိုပါလိမ့်မည်။ သူ့ကို‌မြင်ရရင်အေးချမ်းစေသည်။ ပါးလွှလွှနှုတ်ခမ်းလေးနဲ့ကြည်တောက်တောက်အသားအရည်ကြောင့်မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဟာလေးပင်။

"ဖေဖေရေ သွားကြမယ်"

အပြေးအလွှားနဲ့သူတို့သားအဖအား မေမေကမီးဖိုခန်းထဲကချိုင့်ဆွဲကာ လိုက်ပေးရသည်။
ဦးအတွက်ဆန်ပြုတ်တဲ့။

ဦး❤️ COMPLETE Unde poveștirile trăiesc. Descoperă acum