အပိုင်း၂၈

4.4K 245 1
                                    

"ဟင် ဦး ဒါ.. ဒါဘာလုပ်နေတာလဲ သူကဘယ်သူလဲ"

ဟင့်အင်း မဖြစ်ဘူး ဦးငါ့ကိုစိတ်ပျက်သွားလိမ့်မယ် ငါသောင်းကျန်းလိုက်လို့မဖြစ်ဘူး

"ကလေး ဘာလာလုပ်တာလဲ"

ဦးမျက်နှာကအနည်းငယ်အားနာသွားသယောင်။

"သား..အာ ကျွန်တော်ဦးကြိုက်တဲ့ကြက်ဥပူတင်းလေးလာပို့တာ အတူတူစားလိုက်ကြနော် သွားစရာရှိသေးလို့.."

"နေပါဦး နေမကောင်းသေးဘူးလေ မှန်းစမ်း"

ဦးကလက်ကိုဆွဲကာနဖူးကိုအသာစမ်းသည်။

"မသွားပါနဲ့လား အိမ်ကိုတန်းပြန်လေကွာနော်"

"ရပါတယ်ဆို!"

အနည်းငယ်ကျယ်သွားတဲ့လေသံကြောင့် ထိုအမျိုးသမီးရှေ့ဦးကအရှက်ရသွားဟန်တူသည်။

"ဆောရီး ကျွန်တော်အရေးကြီးလို့ပါ"

ထိုစကားကိုသာသေချာထိန်းကာပြောရင်း ပြေးထွက်လာခဲ့သည်။

ဆေးရုံရှေ့ကtaxiကိုငှားကာအိမ်မပြန်ချင်တာနဲ့ကေသီ့အိမ်ကိုဘဲဦးတည်လိုက်သည်။
------------------------
"ဒါဆိုနင်ကမသောင်းကျန်းခဲ့ဘူးပေါ့"

"ငါနဲ့ဦးတူတူစားဖို့လုပ်လာတဲ့မုန့်တောင်ပေးခဲ့ပါတယ်ဆို ဟင့် နင်ကအကူအညီလဲမရဘူး ငါငိုချင်လာပြီ"

"ဦးရသကအဲ့လိုဖောက်ပြန်မဲ့လူမဟုတ်ပါဘူးဟာ လျှောက်တွေးမနေနဲ့"

"ငါက ငါကယောင်္ကျားလေးလေ ပြီးတော့မျက်လုံးတစ်ဖက်မကောင်းတော့တဲ့ ဒုက္ခိတဖြစ်နေပြီ ဟင့် ဦးကငါ့ကိုစိတ်ပျက်သွားတာလား ငါညကဦးကိုပြန်ပြောမိလို့စိတ်ကုန်သွားတာများလား ငါ ငါ ဦး မရှိရင်မဖြစ်ဘူး"

အလဲလဲအပြိုပြို ငိုယိုနေတဲ့သူမသူငယ်ချင်းကိုမကြည့်ရက်ပါ။

"ဦးရသကလူကြီးလူကောင်းပါဟာ နင့်အပေါ်အဲ့လောက်ချစ်တာကို သူမလုပ်လောက်ပါဘူး"

"အဟင့် ငါကတော်တော်ဆိုးတာကိုး"

"ငိုမနေနဲ့တော့ဟယ် ငါ့အိပ်ယာပေါ်မှာနင့်နှပ်ချေးတွေပေကုန်ပြီ"

"တော်ပြီ ငါပြန်တော့မယ်"

"ငါဖုန်းဆက်ပေးရမလား "

ဦး❤️ COMPLETE Where stories live. Discover now