အပိုင်း ၁၁

6.1K 350 3
                                    

ကိုယ်ပျော်ရွှင်ဖို့ကိုဘဲကြည့်ပြီးသူများခံစားချက်ကိုထည့်မစဥ်းစားတဲ့အထဲမှကျွန်တော်မပါခဲ့ဘူးဦးရယ်.....

“ဟုတ်တယ် ကျွန်တော်ဦးကိုချစ်တယ် ဒါပေမဲ့ ဦးမမကိုလက်ထပ်ပါ”

“ဘယ်လို...ဒီမှာကလေး ဦးလဲမင်းကိုချစ်တယ် မင်းလဲဦးကိုချစ်တယ် ဘာလိုသေးလဲ ဦးတို့အဝေးဆုံးကိုသွားကြမယ် နော် ကလေးနော်”

မျော်လင့်ချက်အပြည့်မျက်ရည်ရွဲသောမျက်လုံးတွေက၀မ်းနည်းရိပ်ကြောင့်နီမြန်းသည်။ရီဝေဝေအကြည့်ကလဲမခံရပ်နိုင်အောင်ရင်နာရပြန်သည်။

“ဟင့်အင်း မဖြစ်နိုင်ဘူးဦး အရင်လိုဘဲနေရအောင် မမကိုလက်ထပ်”

“မင်းဘာဖြစ်နေတာလဲ ငါ့ဘ၀ကြီးကိုမစိုးမိုးနဲ့  ငါချစ်ချင်တဲ့လူချစ်မယ် လက်ထပ်ချင်တဲ့သူလက်ထပ်မယ်  မင်းနဲ့မဆိုင်ဘူး”

ပခုံးကိုကိုင်ကာလှုပ်ရမ်းသည်မှာစိတ်တိုသွားသည်ထင်။

“ကောင်းပြီဒါဆိုမတွေ့ကြရအောင် ခွင့်ပြုပါဦး
ကျွန်တော်ကိုအဆက်အသွယ်မလုပ်ပါနဲ့”

ကားတံခါးကိုဖွင့်ရန်ပြင်နေတာမို့လက်ကိုလှမ်းဆွဲကာ တားရသည်။

“ကလေး ကလေး ဦး‌တောင်းပန်ပါတယ် အဲ့လိုကြီးတော့မလုပ်ပါနဲ့ အရင်လိုကျောင်းကြိုပို့မယ်လေ‌ ပြီးတော့ ပြီးတော့ ကလေးစားချင်တာတွေလဲလိုက်၀ယ်ကျွေးမယ်လေ နော် ကလေး ဦးမနေနိုင်လို့ပါ ဦး တောင်းပန်ပါတယ်”

အမျိုးသားတစ်ယောက်ရဲ့သိက္ခာကိုမျက်ရည်ကျခြင်းဖြင့်သိပ်ချစ်ရသူရှေ့တွေင်ကျိုးနိမ့်စေသည်။

ဦးရယ် ကျွန်နော်ကလဲသိပ်ချစ်တာမို့ဦးမျက်ရည်တို့ငိုရင်မဆိုင်ဝံ့။ကြားချင်နေခဲ့တဲ့စကားလုံးတစ်ချို့က အခုချိန်မှာတော့ပျားရည်လူးသောအဆိပ်သာသာ။နားထောင်ကောင်းပေမဲ့ မဆင်ဝံ့။

နှုတ်ခမ်းကိုတင်းတင်းဖိကိုက်ကာ ”ကျွန်တော်လဲထပ်တူပါဘဲ”ဆိုပြီးဖက်ငိုချင်ပေမဲ့ ကံတရားကမျက်နှာသာမပေး။ကျွန်တော်အဲ့လောက်စိတ်မမာဘူးဗျ။ကျီစယ်မနေပါနဲ့တော့ကံကြမ္မာရယ် မခံနိုင်လွန်းလို့ပါ....

ဦး❤️ COMPLETE Where stories live. Discover now