အပိုင်း၁၆

5.8K 332 4
                                    

ဒဏ်ရာတွေကိုအချိန်ကကုစားသတဲ့....
ကျွန်နော့်ဒဏ်ရာကိုဘာလို့သူကကုမပေးသလဲနော်?

ပြာလွင်နေတဲ့ကောင်းကင်ကြီးကိုကြည့်ရင်းမျက်ရည်တစ်စက်ကျမိပြန်သည်။ဦးနဲ့မတွေ့ဖြစ်တော့တာမဂ်လာဆောင်ပြီးနေ့တည်းကအခုဆ်ုတစ်နှစ်ရှိပြီ။ ဘာမှမပြောင်းလဲသေးဘူးဦးရယ်
အရင်လိုဦးနဲ့ပတ်သက်ရင်ခံစားချက်တွေကနွေးနေတုန်းဘဲ ကျွန်နော့်နဖူးလေးရောဘဲ....

“သားဒီနေ့ဘယ်မှမသွားနဲ့နော်”

ကျောနောက်ကအသံကြောင့်မျက်တောင်ခတ်ကာလှည့်ကြည့်လိုက်သည်။

“မဂ်လာနှစ်ပတ်လည်မလား သားသိပါတယ် ဒါပေမဲ့ခနဘဲသွားမယ်လေ နည်းနည်းလက်စသတ်ချင်တဲ့အပိုင်းလေးရှိလို့ တောင်တွေဘက်ခနသွားမယ်နော်”

ကျွန်တော့်ရဲ့ရီဝေဝေအလွမ်းမြို့လေးကိုကျွန်နော်နှစ်သက်သည်။

(ဒီနေရာမှာဘယ်မြို့ဆိုတာမဖော်ပြလိုပါဘူးကိုယ့်စိတ်ကူးထဲကမြို့ကိုပုံဖော်နိုင်ပါတယ် )

“ဒါဆိုအမှီပြန်ခဲ့”

“ဟုတ်”

ဒါနဲ့ကျွန်နော်စာစရေးနေပြီ အဓိကတော့အချစ်အကြောင်းပေါ့။

------------------
တီ တီ

“လာကြပြီထင်တယ်မော်ရဲ့ ကိုသွားဖွင့်လိုက်မယ်”

“မျှော်နေတာကွာ လာကြ”

အပြုံးနဲ့ဘဲအိမ်ထဲ၀င်လာခဲ့ကြသည်။မသိစိတ်ကအရင်လိုတစ်စုံတစ်ယောက်ကိုရှာနေဆဲ။

“ဒါနဲ့ကိုထွန်းမြတ် ကောင်လေးကိုမတွေ့ပါလား”

“အော်နေ့လည်ကျပြန်လာလိမ့်မယ် သူကအခုအိမ်မှာအခ်ျန်ပြည့်မနေတော့ဘူးဟေ့ သူ့ကွန်ဒိုမှာသူနေတာ ငါတို့မှာပျင်းလို့”

“ဟယ် မောင်လေးကလဲ အစားအသောက်အဆင်ပြေရဲ့လားမသိဘူး
အန်တီလေး သူfacebook မသုံးတော့ဘူးလား အသစ်တွေဘာတွေဖွင့်တာလား လုံး၀active  မဖြစ်ဘူး ဖုန်းနံပါတ်ရောဘဲပြောင်းထားတာလား”

“ငါလဲမသိပါဘူးအနွယ်ရယ် နင့်မောင်ကတားမရဆီးမရ တစ်ယောက်ထဲနေချင်တယ်တဲ့
တို့တောင်ကောင်မလေးရနေပြီလားစုံစမ်းသေးတယ် မရှိပါဘူးဟယ် ”

ဦး❤️ COMPLETE Where stories live. Discover now