အပိုင်း၁၄

5.7K 331 10
                                    

Necktieကိုခပ်တင်းတင်းဆွဲတင်ပြီး မှန်ထဲကကိုယ့်ပုံရိပ်ကိုပြန်ကြည့်ကာသက်ပြင်းချမိပြန်သည်။ဒီတစ်မနက်လုံးသက်ပြင်းချတာဘယ်နှခါတောင်ရှိနေပြီလဲမမှတ်မိတော့...

ကောရစ်တာတစ်လျှောက်အနီရောင်ကော်ဇောခင်းထားသောခမ်းမကြီးရဲ့အဆုံးစင်မြင့်ထက်မှာ
ရေးထိုးထားတဲ့မဂ်လာမောင်နှံနမည်စာလုံး‌တွေကသိပ်လှသည်။ ရွှေရောင်စာလုံးတွေပေါ် ငွေမှုံတွေဖြူးလို့မီးအလင်းထိုးတိုင်းတဖျတ်ဖျတ်လက်နေလေသည်။

“သား အပေါ်မှာမောင်ရသကိုဒီပန်းသွားပေးလိုက်ရင်ထိုးပန်းလို့”

လက်ထဲရောက်လာတဲ့သစ်ခွပန်းခရမ်းရောင်ကဦးနဲ့ဆိုသိပ်လိုက်မှာ...
..............

ခပ်ဟဟအ၀တ်လဲခန်းထဲအပ်ကျသံပင်မကြားတာကြောင့်လူများရှိပ့မလားခေါင်းစောင်းကြည့်မိသည်။

မှန်ရှေ့မှာငူငူကြီးရပ်ကာမျက်ရည်တွေကျနေလေတဲ့ကျွန်တော့်ရဲ့ဦး.....

“ဒေါက် ဒေါက်”

အသံပေးကာတံခါးခေါက်ပြန်တော့မျက်ရည်တွေကိုခပ်သွက်သွက်သုတ်သည်။

“အော် ကလေး”

“အင်းဒါလေး...”

ရီဝေဝေမျက်၀န်းတွေထဲမျက်ရည်တွေပြည့်လျှံလာသည့်လူကြီး။ခင်များကအကြီးနော် ဦးရေ ..

လက်ကောက်၀တ်ကဆွဲကာနင့်နေအောင်ဖက်လိုက်သည်။လွတ်ထွက်တော့မလို...တင်းတင်းကျပ်ကျပ်ဖက်ထားသည်။

“ဟေ့ ဦး”

“ခဏလေး ခဏလောက်ဘဲ ငြိမ်နေပေးပါ ”

ခပ်ဖွဖွဖယ်ခွာကာမျက်နှာသေးသေးကိုစိုက်ကြည့်နေလေသည်။

“ဦးအဆင်ပြေပြီ ကလေး ”

“အင်း ဒါလေးထိုးပေးမယ်”

သစ်ခွပန်းကိုဘယ်ဘက်ရင်အုံပေါ်ခပ်ဖွဖွတွယ်ချိတ်ပေးလိုက်သည်။

“သတို့သားကြီးကအရမ်းမိုက်နေတာဘဲ ”

“ကလေးရယ်”

“ကျွန်နော်အဆင်ပြေတယ်လက်ကာပြကာစကားဆက်သည်။ ဦးဂတိတစ်ခုပေးနိုင်မလား”

ဦး❤️ COMPLETE Where stories live. Discover now