အပိုင်း၃၀

4.6K 244 20
                                    

ချစ်ရတဲ့သူနဲ့လျှောက်လည်ရတာပျော်စရာကောင်းမှန်းရသတို့အခုမှသိရသည်။မနက်ခင်း၉နာရီလောက်တွင်တော့ နှစ်ဦးသားဘုရားသွားကာ ရေသပ္ပာယ်ကြသည်။ ပထမဆုံးတွေ့ဆုံမှုကဤနေရာတွင်မဟုတ်ပါလား..

‌၉နာရီကနေ၁၀ထိဟိုဒီလျှောက်ကြည့်ကြပြီး ကစားကွင်းသို့ဆက်သွားကြသေးသည်။
ကစားကွင်းကအပြန်နေ့လည်စာစားချိန်မို့
ဗိုက်ကသံစုံတီးဝိုင်းကထမြည်လာတော့သည်။

"ဦး ဒီနားကဆိုင်မှာစားရအောင်လေ"

"မရဘူး ဦးအမြန်မောင်းပေးမယ် အပြင်စာတွေမစားနဲ့"

"ဦးကလဲ အမြန်မောင်းရင်အန္တရာယ်ရှိတယ်လေ ဒီမှာအတူစားကြမယ်နော်"

"ကဲ ဗိုက်အောင့် ဗိုက်နာဖြစ်မယ်"

ဆိုင်ကယ်ကိုနေပူထဲရပ်ကာအတန်ကြာအငြင်းပွားနေကြပြီးနောက်

"ကဲ ၀င် စားမယ်ဆိုလဲ"

"သားကိုစိတ်မရှည်လက်မရှည်ဖြစ်နေပြီပေါ့"

"ကလေးကလဲ"

ထိုအခါမှရယ်ကျဲကျဲဖြင့်စနောက်တော့သည်။

"ထိုင်ပါခဗျ ဘာမှာမလဲဗျ juiceလဲရတယ်ဗျ"

ထိုင်ခုံကိုအသင့်ထိုင်ရန်အနောက်သို့ဆွဲပေးကာ ဘယ်ကမှန်းမသိတဲ့Menuစာရွက်ကိုဆွဲယူပြီး စနောက်နေသည်။

"မရွဲ့‌နဲ့နော် ဦးလေးကြီး"

"ကျုပ်အသက်ကခင်များအဖေထက်တောင်ငယ်တာကို ဦးလေးကြီးတဲ့ ဒီကလေးပေါက်စတော့"

"ကျွန်တော့်အသက်၂၀နော်"

"ကျုပ်အသက်လဲ၃၅ဗျ"

"ဟွန့်"

စရင်းနောက်ရင်းနဲ့ထိုတစ်‌နေ့တာလေးကကြည်နူးစရာကောင်း‌ခဲ့သည်။
-----------------------------
‌တစ်နေ့လုံးပတ်ကမြင်းပြီးညနေစောင်းတွင်တော့မော်ကွန်းမြတ်တို့ခြေခုံလက်ပမ်းကျသွားရှာသည်။
ရေမိုးချိုးပြီးTVဖွင့်ကာရသပေါင်ပေါ်၌‌ခေါင်းအုံး၍ဇိမ်ယူ‌နေသည်။

"ဦး သားကိုပွင့်လင်းရမယ်ပြောထားတယ်မလား"

တနေ့လုံးပစ်ချထားတဲ့အကိုလင်းသစ်ရဲ့ပရောဂျက်အသစ်အတွက်အချက်အလက်တွေကိုထိုင်စီစစ်‌နေရင်းဦးကငုံကြည့်လာသည်။

ဦး❤️ COMPLETE Where stories live. Discover now