.Intro Melody.

7.4K 867 125
                                    

[ Zawgyi ]

- 00:05 -

လူနှစ်ယောက်တွေ့ဆုံခြင်းရေစက်ရဲ့ သံစဉ်တေးသွားလေးက ငြိမ့်ငြိမ့်ညောင်းညောင်းလေး လွင့်ပျံလာခဲ့တယ်..

သီချင်းတစ်ပုဒ်ရဲ့ ငါးစက္ကန့်စာက တိုတောင်းလွန်းတယ်ပြောလို့ရပေမဲ့ သံစဉ်အနေထားကိုခံစားသိရှိရအောင်တော့ လုံလောက်ခဲ့သလိုပါပဲ..
သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ချိန်ကလဲ အချိန်အကြာကြီး ရခဲ့တာမဟုတ်ပေမဲ့ 'ကိုကို' ဆိုတဲ့ နာမ်စားတစ်ခု သူ့နားစည်ကို ငါးကြိမ်ငါးခါ လာရောက်ထိတွေ့ဖို့ရာ လုံလောက်ခဲ့ပါတယ်..

လူကြီးမင်းဝမ်နဲ့ ချိန်းဆိုထားတဲ့ စားသောက်ဆိုင်ရှေ့မှာ ရှောင်းကျန့် ကားထိုးရပ်လိုက်တယ်..
အဲ့ဒါပြီးတာနဲ့ သူ့မှာ များများစားစားလုပ်စရာရယ်မရှိပါဘူး..

ဝန်ထမ်းအစောင့်လေးက ကားပါကင်ထိ သူ့ကားကိုမောင်းသွားပေးလိမ့်မယ်..
အထဲကိုဝင်သွားမဲ့ သူက ချိန်းဆိုထားတဲ့လူရဲ့ နာမည်လေး အသိပေးရုံပါပဲ..
ဒီဘက်ကိုကြွပါဆိုတဲ့ ခေါ်သံနောက် သူထပ်ကြပ်မကွာ လိုက်သွားရင်ရပြီလေ..

သူ့ရှေ့က waitress လေး အခန်းတံခါးခေါက်ပြီး အထဲကရှိနေမဲ့လူကို အသိပေးတဲ့အချိန် ရှောင်းကျန့်က နက်ခ်တိုင်ကို ရွဲ့စောင်းနေမှုမရှိတာသေချာအောင် လက်နဲ့ပြုပြင်လိုက်ရဲ့..

" အား အဲ့ဘဲအကြောင်း ကျွန်တော်မှမသိတာ.. ပါးတို့နောက်ကွယ်မှာ အဲ့ဘဲက နှိပ်စက်နေမလားမသိနိုင်ဘူးကို.. ပါးတို့မို့ သားလေးတစ်ယောက်တည်းရှိတာကို သူစိမ်းတစ်ယောက်လက်ထဲ စိတ်ချလက်ချထည့်နိုင်တယ်.. မလုပ်ခိုင်းတော့ဘူးလို့ ပြောလိုက် နော်.. ပါးနော်.. အဲ့ဘဲ.. "

အသံတွေရုတ်ချည်းတိတ်ကုန်တာက အခန်းထဲရောက်နေပြီဖြစ်တဲ့ ရှောင်းကျန့်ကို လူကြီးမင်းဝမ်က ထရပ်ပြီး နှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်တာကြောင့်ဖြစ်တယ်..
အာစေးကပ်သလိုမျိုး အသံဆက်ထွက်မလာတော့တဲ့ ကောင်လေးက သူ့ကိုသေချာကြည့်နေတယ်လို့ ရှောင်းကျန့်ခံစားနေရပေမဲ့ တမင်မျက်လုံးချင်းမဆုံမိစေဘူး..

အဲ့ဒီနောက် ခပ်ပေါ့ပေါ့လေး ဆိုလာတဲ့စကားက အဲ့ဘဲအဲ့ဘဲနဲ့တွင်တွင်သုံးခဲ့တဲ့ ကောင်လေးဆီက..

Flirting PlaylistWhere stories live. Discover now