- Prologue -

6.3K 311 13
                                    

[ Zawgyi ]

‌ရှောင်းကျန့်ဆိုတာ ဝမ်ရိပေါ်အတွက်တော့ random button on ထားတဲ့ playlist ထဲက သီချင်းလေးတစ်ပုဒ်သာသာပါပဲ..
Playlist ​လေးရဲ့နာမည်က Flirting Playlist တဲ့..။

• • •

" ကိုကို ! "

ရှောင်းကျန့်ရဲ့ဘဝက ဒီအခေါ်အဝေါ်တစ်ခုအောက်မှာတင် လှုပ်မရအောင် တုပ်နှောင်ခံထားရခြင်းဖြစ်ရဲ့..

ကိုကို လို့ပဲ ပါတဲ့ စာလေးတစ်စောင်ရောက်လာလိုက်..၊
ချက်ချင်းဖုန်းပြန်ခေါ်ပြီး ဘယ်မှာ ဘာပြသနာဖြစ်နေလဲ၊ ဘယ်ကိုလာခဲ့ရမလဲ၊ ပိုက်ဆံလွှဲလိုက်ရမလား စသဖြင့် အကုန်တန်းစီ မေးယူရတဲ့ထိကို သူ့ကိုဆို နိုင်စားလွန်းတဲ့ ကောင်လေးက ဘန်းစကားအရဆို အဆိုးအဆာလေးဆိုတာမျိုး..။

တစ်ခုခုဆုံးမဖို့ မကြံလိုက်နဲ့ အဲ့ဒီမလောက်လေးမလောက်စားလေးက ဦးအောင် အရင်ကန်တာ..
" လူကြီးကဗျာ " ဆိုရင်ကို ရှောင်းကျန့်မှာ ဆက်ပြောမဲ့စကားတွေ အလိုလို ပျောက်ရှကုန်ရော..

အဲ့ဒီလက်တစ်ဆစ်လေးက သူ စိတ်မရှည်တော့ရင် ကိုကို အစား လူကြီးလို့ ပြောင်းသုံးတတ်တာလေ..
တော်တော်စိတ်ဆိုးကြောင်းကိုပြတဲ့အခါမျိုးမှာတော့ Sean တဲ့..

သူ ဘယ်လိုမှအလျှော့ပေးမဲ့ပုံမဟုတ်ဘူးဆိုတာ သိနေတဲ့အချိန်တွေကျရင်တော့ အဲ့ငါးပူတင်းလေးက သူ့နားမှာ တိုးဝှေ့ကပ်ရပ်ပြီး ပွတ်သပ်နေတော့တာပဲ..
အဲ့ဒါမျိုးက တော်တော်တော့ရှားတတ်ပါတယ်..

" ချစ်လို့လေ.. ကျွန်တော့်မှာ ဆိုးလို့ရတာ ကိုကိုပဲရှိတာ .. အိမ်ကလူတွေ အကြောင်းလဲသိရဲ့သားနဲ့.. ကိုကိုကမှ မကြည်ဖြူရင်တော့လဲ.. "

ဟင်းကနဲ ချတဲ့ သက်ပြင်းတစ်ချက်နောက် သူ့ခါးကိုသိမ်းကျုံးပြီးပွေ့ဖက်ထားတဲ့ လက်တွေကို ရှောင်းကျန့်ကိုသွေးတိုးစမ်းတဲ့အနေနဲ့ ဟန်ဆောင်ပန်ဆောင် ဖြေလျှော့တတ်သေးတာ..

" သဘော.. သဘော မင်း သဘော "

" သိပါတယ် .. ကိုကို ကျွန်တော့်ကို စိတ်ကုန်နေပါပြီ .. ကလေးလို့တောင် မခေါ်ချင်တော့ဘူး မလား "

" ကဲ.. ကလေးသဘောပါလို့ကွာ "

အဲ့ဒီလိုဆိုရင်တော့ သူ့တစ်ကိုယ်လုံးကို အတင်းချုပ်ထားပြီး ပွေ့ဖက်အနမ်းခံရတော့တာပဲ..

Flirting PlaylistWhere stories live. Discover now