15.

4.9K 608 111
                                    

[ Zawgyi ]

- 9:45 -

ခရီးဆောင်အိတ်ကိုယ်စီနဲ့ ပုံမှန်လှုပ်ရှားသွားလာနေကြတဲ့လူတွေကြားထဲမှာ .. ဖုန်းနံပါတ်တစ်ခုကိုပဲ အခါခါနှိပ်ရင်းက ဟိုပြေးဒီ‌ပြေးလုပ်နေတဲ့ကောင်လေးတစ်ယောက်ရှိနေခဲ့ရဲ့...

" Bo ge.. ကျွန်တော်တို့ကို ရှာနေတာလား "

သူ့နောက်ကျောက ထွက်လာတဲ့အသံမှာ ရုတ်တရက်ဆိုရင် တည်တည်ကြည်ကြည်လို့ထင်နိုင်ကောင်းရဲ့..
နားထောင်တတ်တဲ့သူအတွက်တော့ အကဲစမ်းသံသဲ့သဲ့ခတ်နေတာ တန်းသိနိုင်တာပါပဲ..
အထူးသဖြင့် သူ့ကို 'Bo ge..' လို့ ခေါ်တွင်လာတဲ့လေသံကပေါ့....

သူ လှည့်ကြည့်တဲ့အခါ သူထင်ထားသလိုမဟုတ်ဘဲ ကျစ်ဟန်တစ်ယောက်တည်းကိုသာ တွေ့ရတယ်..
လေဆိပ်ထဲမှာမှန်း အသိစိတ်‌ရှိနေပေမဲ့လည်း ရှောင်းကျန့်ကလွဲပြီး သူ ဘာကိုမှ ဂရုမစိုက်ချင်တော့ပြန်...

တုံ့ဆိုင်းမနေဘဲ ယန်ကျစ်ဟန်ရဲ့ကော်လံစကို သူဆွဲဆုပ်လို့....

" ရှောင်းကျန့် ဘယ်မှာလဲ "

လည်ပင်းအစ်သွားပုံရတဲ့ကောင်လေးဆီက ချောင်းဟန့်သံထွက်လာပေမဲ့ ရိပေါ်ကတော့ ဆွဲထားတဲ့ အင်္ကျီလည်စကို ပိုလို့တောင်မှ တင်းကျပ်လိုက်ပါသေးတယ်..
ဒါတောင် မျက်နှာပိုးမသတ်တဲ့ကောင်လေးက ပြုံးစစလုပ်နေတုန်း...

" စိတ်လျှော့ပါဗျာ.. အစ်ကိုက ဝမ်ရိပေါ်စကားကို နားမထောင်ဖူးတာရှိလို့လား "

" ဘာပြောချင်တာလဲ မင်း! စကားအပိုတွေပြောမနေနဲ့ "

" အစ်ကိုတစ်ယောက်တည်း လေယာဉ်ပေါ်တက်သွားပြီလေ "

နီးနီးကပ်ကပ်ရှိနေတဲ့အကြည့်တွေကို သူ သုံးသပ်ကြည့်တယ်..
လိမ်နေတာမဟုတ်ဘူးလို့ ဖော်ပြနေပေမဲ့ ရိပေါ်က စိတ်မချနိုင်သေးဘူး..

ရှောင်းကျန့်ထားခဲ့တဲ့နေရာမှာ ထားခဲ့တဲ့အတိုင်း သူ ကျန်ခဲ့မိပြီး လေဆိပ်ကို လိုက်လာဖို့ မြန်မြန်ဆန်ဆန်မတုံ့ပြန်နိုင်တဲ့ သူ့ကိုယ်သူတောင် အပြစ်တင်လို့ ဆုံးသေးတာမဟုတ်ဘူးလေ..

" မင်း.. တစ်နေရာရာမှာထားထားတာ မဟုတ်တာသေချာလား "

ကျစ်ဟန်က တမင်တကာ ချောင်းထပ်ဆိုးပြတယ်..
ရိပေါ် ဒီလိုသာ အဲ့ကောင်လေး‌ကော်လံကိုဆက်ပြီးဆွဲဆုပ်ထားမယ်ဆိုရင် စကားကောင်းကောင်းပြောလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့..

Flirting PlaylistМесто, где живут истории. Откройте их для себя