3.

5.2K 792 186
                                    

[ Zawgyi ]

- 3:05 -

" ကိုကို "

သူ့ရဲ့မနက်ခင်းတိုင်းဟာ ဒီလိုလေး စတင်ရတာ နေ့တွေလွန်လို့ လကိုကူးလာတယ်..
အခုဆို ရှောင်းကျန့်က မျက်စိနောက်စရာလေးနဲ့ နေသားကျနေပြီလို့ ပြောလို့ရတယ်ပေါ့။

အရမ်းကြီးနီးကပ်တာမျိုးလဲမဟုတ် ၊ အတင်းကြီး စည်းခြားထားတာမျိုးလဲမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုမှာ သူတို့နှစ်ယောက်က အလိုက်သင့်လေး အခြေကျလာခဲ့ကြတာ..

သူ ဆုံးမရင် နာခံလွယ်တာမျိုးဆို အဲ့ဒီဂြိုဟ်ဆိုးလေးက ခေါင်းလေးတညိတ်ညိတ်နဲ့..
ပိတ်ပင်တားမြစ်တာမျိုးဆိုရင်တော့ ပွစိပွစိနဲ့ပြန်လည်ချေပလာတတ်တဲ့အထိ ရင်းနှီးမှုနေရာအဆင့်တစ်ခုမှာပေါ့..

ဒီနေ့ကလဲ ရှောင်းကျန့်နဲ့ အဲ့ဒီကောင်လေး နှုတ်ဆက်ရင်းဆုံရတဲ့ မနက်ခင်းတွေက တစ်ခုပါပဲ..
ဆိုပေမဲ့ ထူးခြားမှုလေးတစ်ခုဟာ ဒီနေ့မနက်ခင်းရဲ့ ကိုကိုခေါ်သံလေးမှာ ရှိနေခဲ့တယ်..

ကိုကိုခေါ်သံရဲ့ ပိုင်ရှင်က ဒီနေ့မှာ သပ်သပ်ရပ်ရပ်ကလေး သူ့ကိုကိုရှေ့ရောက်နေခဲ့တာလေ..

အဖြူရောင် ရှပ်လက်ရှည်ကို ကြယ်သီးစေ့တပ်ပြီး စတိုင်ပန်အမဲထဲ ထိုးထည့်ဝတ်ထားတဲ့ကောင်လေးကို ရှောင်းကျန့် တအံ့တသြနဲ့ ငေးပြီးမှ စိတ်တိုင်းကျသွားရတာအမှန်ပဲ..

မြင်နေကျ လက်ညှိုးနဲ့ လက်သူကြွယ်ဆီက လက်စွပ်အထပ်ထပ်ကတောင် ရှင်းသန့်မှုကြားမှာ မျက်စိရှုပ်စရာမကောင်းတော့သလိုမျိုး..

ဘေးတစ်ဖက်ကို ဂျယ်လ်နဲ့ဖိသိပ်ပြီး တစ်ဖက်က ​ရှေ့ကိုဝဲကျနေတဲ့ ဆံပင်အပြင်အဆင်ကြောင့် ရှောင်းကျန့်ရှေ့က ဝမ်ရိပေါ်က ဒီနေ့အတွက်တော့ တည်တည်ငြိမ်ငြိမ် အမျိုးကောင်းသားလေးလိုမျိုး..

အလုပ်စဝင်တည်းကသာ ဒီလိုလေးဆို ရှောင်းကျန့်က အာရုံနောက်မိမယ်မထင်ဘူး..

" ကိုကို ကြိုက်လား "

" အင်း.. ကြိုက်တယ် "

" ကျွန်တော်လဲ ကြိုက်တယ် "

ဝတ်ပုံစားပုံကိုကြည့်ပြီး ရိုးရိုးသားသား ဝန်ခံလိုက်တဲ့ မျက်ဝန်းညိုညိုဟာ ရွှန်းရွှန်းစားစားစိုက်ကြည့်ခံရတဲ့အခါ ပျာယာခတ်သွားပုံက တိတိကျကျ..
စိတ်လှုပ်ခတ်သွားပုံကအစ မျက်ဝန်းညိုလေးထဲမှာ လွယ်လင့်တကူ ရှာလို့တွေ့နိုင်တဲ့ ရိုးသားမှုတွေကို ရိပေါ်က သိပ်ပျော်မွေ့တယ်..

Flirting PlaylistWhere stories live. Discover now