5.

4K 620 120
                                    

[ Zawgyi ]

- 5:05 -

ဘားမှာဆုံဖြစ်ခဲ့ကြတဲ့ တိုက်ဆိုင်မှုပြီးကတည်းကပါပဲ..
ညဘက်တွေဆို မနားမနေ အသံပေးနေကျ
ရှောင်းကျန့်ဖုန်းထဲ စာရောက်သံလေးတွေပြန်လည်တိတ်ဆိတ်သွားတယ်..
နေ့ခင်းဘက် ထမင်းစားချိန်‌တွေမှာ သူတစ်ယောက်တည်း နားအေးပါးအေး ပြန်ဖြစ်ခဲ့တယ်..

ရှောင်းကျန့်က အကြီး၊ ရိပေါ်က ငယ်သူဖြစ်တဲ့အပြင် လူကြီးမင်းဝမ်မျက်နှာလည်း ရှိနေတာမို့ ကပ်တွက်တယ်မဖြစ်ချင်တာကြောင့် ပုံမှန်အတိုင်း ထမင်းချိုင့်ထည့်သွားပေးခဲ့သေးပေမဲ့ အဲ့ကောင်လေးက ငြင်းလာခဲ့တာ..
နေ့လယ်စာအတွက် အပင်ပန်းမခံပါနဲ့တော့ဆိုပြီးလေ..

အဲ့ဒီလိုသိတတ်လာတော့လည်း ဇာတ်လမ်းပြတ်တာပဲ..
မဟုတ်ရင် နောက်ဆံတင်းစရာခံစားချက်တစ်စုံတစ်ရာကရှိနေလိမ့်ဦးမယ်မဟုတ်လား..

အလုပ်ခွင်ထဲက ဝန်ထမ်းကောင်မလေးတွေနဲ့ တရုံးရုံးလုပ်လာတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး အဲ့ကောင်လေးတားဂတ်ပြောင်းသွားပြီနေမယ်လို့ပဲ ရှောင်းကျန့်ကမှတ်ယူလိုက်ပါတယ်..

အထူးအဆန်းကြီးတော့လည်း မဟုတ်ပါဘူး..
ငယ်ငယ်က သင်တန်းတက်နေတုန်း ငြိကြချိတ်ကြ သင်တန်းလည်းပြီး အဆက်သွယ်လည်းပြတ်ကြတဲ့ ဇယားလေး‌တွေလိုပါပဲ..
သူ့ရဲ့ တစ်လတာ အတွင်းရေးမှူးကောင်လေးနဲ့သူနဲ့ ဇယားကလည်း ဒီမှာတင်ရပ်ကြသည်ပေါ့..။

လွမ်းလောက်စရာတော့ ထူးထူးခြားခြားမရှိဘူးလားလို့......
အင်း.. ထင်ပါတယ်။

-

-

-

ဒီနေ့ ရာသီဥတုသာယာသလို ရှောင်းကျန့်လည်း စိတ်ကြည်နေပါရဲ့..
အကြောင်းရင်းကတော့ Paris ကို အလုပ်နဲ့ ခရီးတစ်ပတ် ထွက်လာရတာကြောင့်ပဲ၊

မဟုတ်ရင်တောင် အခုရက်ပိုင်း သူ ရုံးသွားရတာ စနိုးစနောင့် ဖြစ်နေခဲ့တာမို့ ဒီခရီးဟာ သူ့အတွက်တော့ လွတ်မြောက်ရေးခရီးစဉ်တစ်ခုလိုပါပဲ..
မဆိုစလောက်လေး ရှုပ်ထွေးနေတဲ့စိတ်တို့ကို ပြန်လည်ရှင်းယူ‌ရေးရောပေါ့..

လေယာဉ်ပေါ်တက်ဖို့ သူ့နာမည်ခေါ်သံကြားရတဲ့အခါ ခရီးဆောင်အိတ်ရဲ့ လက်ကိုင်ကို ရှောင်းကျန့်ကဆွဲထုတ်လိုက်ရဲ့..
ဘာရယ်မဟုတ်ဘဲ သူ့အာရုံကတော့ ခရီးဆောင်အိတ်ကိုဆွဲလာတဲ့ သူ့အကျီလက်ဆီရောက်တယ်..
တစ်စုံတစ်ယောက်ရဲ့ မြောက်ကြွမြောက်ကြွလေသံတစွန်းတစကလည်း အာရုံထဲမှာဖြတ်ခနဲ..

Flirting PlaylistWhere stories live. Discover now