1.

6.2K 786 141
                                    

[ Zawgyi ]

- 1:05 -

[ ကိုကို ဘာလုပ်..? ]

[ ကျွန်တော်ကတော့ ကိုကို့ကို သတိရနေတာဗျာ ]

[ မနက်ဖြန် တအားရောက်ချင်နေပြီ ]

အိမ်ထဲမှာ တစ်ယောက်တည်း ဟိုကူးဒီကူးလုပ်နေတဲ့ တီရှပ်အဖြူရောင်လက်တိုလေးပေါ် အသားရောင်ဆွယ်တာလက်ပြတ်လေးထပ်ထားတဲ့ အရိပ်ကလေးက လက်ထဲမှာ ပန်းချီကားတို့လို့တွဲလဲနဲ့..
တတောင်တောင်နဲ့ကြားနေရတဲ့အသံတွေကိုလဲ ချက်ချင်း အဖက်ပြုနိုင်စွမ်းရယ်မရှိခဲ့..

ကြော်ငြာတစ်ခုခုဆီက မေးလ်တွေဆက်တိုက်ဝင်နေတာ ဒါမှမဟုတ် မှိုတက်နေပြီဖြစ်တဲ့ သူတို့သူငယ်ချင်း group chat ထဲအကြောင်းတစ်ခုခုထူးခြားလို့ပဲနေမယ်လို့ ရှောင်းကျန့်ကတွေးတယ်..

သူ့စိတ်ကလဲ ဖုန်းကိုထုတ်ကြည့်ဖို့ထက် ပန်းချီကား အချွတ်အချော်မရှိအောင် နေရာချဖို့သာ ဆန္ဒစောနေခဲ့ရဲ့..

သူ ထင်မထားခဲ့တာတော့ အမှန်ပဲ..
အဲ့ဒီတတောင်တောင်က သူမနက်က ဆုံခဲ့ရတဲ့ ဂြိုလ်ဆိုးလေးဆီက ဖြစ်နေမယ်မှန်းပေါ့..

သိလိုက်ရတဲ့အချိန်က ပန်းချီကားတွေ ရွှေ့ပြီးလို့ အနားယူဖို့ရာ ဖျော်ရည်တစ်ခွက် စီစဉ်နေစဉ်မှာဖြစ်တယ်..

ဖုန်းနံပါတ်က လူကြီးမင်းဝမ်ဆီက ရတယ်ဆိုတာ သိနေတာမို့ မထူးဆန်းပေမဲ့ ဒီလိုနည်းနည်း .. အင်း အီစီကလီနိုင်တယ်ပဲဆိုရမလား အဲ့ဒီစာတွေကို ဒီကောင်လေးက ဘာလို့ပို့နေရသလဲ..

သူ စာပြန်သင့်လား..
ဒါမှမဟုတ် ဒီတိုင်းပဲ နေလိုက်ရမလား..
ချောက်ကနဲ အသီးဖျော်စက်လေးရပ်သွားတဲ့အသံနဲ့တကွ တောင်ကနဲ ဖုန်းဆီက ထပ်မြည်လာတဲ့အသံက ပြိုင်တူ..

[ စာပြန်ဦးဗျာ.. ကျွန်တော် ဘယ်သူလဲတော့ သိတယ်မလား ]

ဒီကောင်လေးက သူ့ကို တကယ်နှောင့်ယှက်နေတာ မဟုတ်ဘူးလား..

[ ကျွန်တော် စောင့်နေတာ ]

သစ်သီးဖျော်စက်ထဲကနေ ဖန်ခွက်ထဲ ကျကျနနရောက်သွားတဲ့ ကမ္ဗလာသီးဖျော်ရည်လေးတစ်ခွက်က စားပွဲပေါ်မှာ ရှိနေတယ်..

Flirting PlaylistWhere stories live. Discover now